မြို့ပြရှုခင်းကို သတိထားကြည့်မိတယ်။ ဂျက်ဆင်ကို မှုန်ပြပြလှမ်းမြင်ရတယ်။
မိုးလင်းတာနဲ့ ကျီးကန်းအော်သံ ၊ ကားဟွန်းသံ ၊ မြစ်ကမ်းဘက်စက်ရုံက
ဥသြဆွဲသံ တွေနဲ့ လှည်းတန်းက နိုးထလာပါတယ်။ အလုပ်နဲ့နီးတာမို့
ဇေယာသီရိလမ်းက အဆောင်ကို ပြောင်းလာဖြစ်တယ်။ ကျောင်းသားဘ၀က ဗဟိုလမ်းပေါ်မှာ
နေခဲ့ဖူးတယ်။ အင်းလျားကန်ဘက်ကို မနက်စောစောထ ပြေးကြပြီး မနက်ခင်း
လေပြည်လေညှင်း နုနုလေးကို တ၀ရှုသွင်းခဲ့ကြတယ်။ အခု တစ်ကြိမ်လှည်းတန်းကို
ပြန်လာနေဖြစ်တော့ တွဲနေကြ သူငယ်ချင်းတွေ မရှိကြတော့။ ဦးထွန်းလင်းခြံလမ်း
၊ ဇေယျာသီရိလမ်းတွေမှာ တိုက်အမြင့်ကြီးတွေနဲ့ အပြောင်းအလဲမြန်တယ်။
ကျွန်တော်တို့ ရန်ကုန်ရောက်စ လှည်းတန်းနဲ့ အတော်ကွာသွားပါပြီ။
ဂိုးရှိုးစတိုး နဲ့ မန္တလေးဖိနပ်ဆိုင် မရှိတော့ ။ လှည်းတန်းစင်တာဖွင့်ပါက
လှည်းတန်းဟာ အချိုးအကွေ့တစ်ခုကို ဖြတ်သွားပါလိမ့်မယ်။ လော်လော်ဆယ်တွင်
ပြည်မြန်မာ ကုန်တိုက်ဝင်းကို ပိတ်ထားပြီး ရှေ့ဆက်ဘယ်လို
တွေပြုပြင်ပြောင်းလဲဦးမယ်ဆိုတာ မသိပါ။ မီးပွိုင့်ကို ခောတ်မီ
နှစ်ထပ်လမ်းမကြီးများ ၊ ဂုံးကျော်တံတားများ ဆောက်လုပ်ပေးပါက
မီးပွိုင့်မှာ အချိန်ကုန်သက်သာ လမ်းကူးသူများ အန္တရာယ်ကင်းမယ်လို့
တွေးမိပါတယ်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်တချို့ မရှိတော့။ ညနေ ၆
နာရီလောက်တွင် ငါးကင်ညှော်နံ့နဲ့ အတူ လူတွေက လမ်းပေါ်ထွက်ကျလာတယ်။
ပါရာဒိုင်း ရွေ့သွားသလို သူငယ်ချင်းတွေ ရွေ့သွားခဲ့ကြ။ အတိတ်က
နာကြင်ခဲ့သော ဝေဒနာများ သက်သာလို့ သက်သာငြား Mr Guitar မှာ
ကယ်ရီကေချားအဆွဲခံကာ အခန်းကျန်းထဲမှာ ချိတ်ဆွဲထားပါမယ်။ နောက် 64 မှာ
ဘီယာသောက်ပြီး ရယ်မော နှစ်ခြိုက်စွာ အိပ်စက်ပါဦးမယ်။ ။
No comments:
Post a Comment