၂၀၀၃ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ကျောင်းက တစ်နှစ်ခွင့်ယူခဲ့ပါတယ်။ အမေကျန်းမာလာတဲ့အခါ ကျွန်တော် ရွာကနေ ရန်ကုန်ပြန်လာခဲ့ပါတယ်။ အစ်ကို့ အဆောင်မှာနေရင်း အလုပ်ရှာခဲ့တယ်။ ကျောင်းက ပြန်တက်ဖြစ်မတက်ဖြစ်က မသေချာသေးတဲ့ ကာလမှာ ကျွန်တော် မဟာမြကျွန်းသာ ဘော်ဒါ ( MMAC ) မှာ study guide အလုပ်ကို တစ်နှစ်နီးပါ ၀င်လုပ်ခဲ့တယ်။ ဆယ်တန်းစာမေးပွဲပြီးတော့ ကျွန်တော်တို့ကို MMAC က ဒီခရီးစဉ်လေးကို စီစဉ်ပေးခဲ့တာပါ။ ဒီခရီးစဉ်မှာ ဆရာ ၊ ဆရာမတွေ ကျောင်းသူ ၊ ကျောင်းသားတွေ ပျော်ပျော်ပါးပါးသွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။ နေ့လည် တစ်နာရီမှာ ရန်ကုန်ကနေ ထွက်ခွာခဲ့ကြပြီး အောင်ပန်းကို မနက် ၄ နာရီခန့် ရောက်တယ်။ အောင်ပန်း ပျော်ပွဲစားရုံမှာ မျက်နှာသစ် မနက်စာစားကြတယ်။ အနွေးထည်ဝတ်ထားပေမယ့် အတော်အေးတယ်။ နောက် ကလော ၊ အေးသာယာဖြတ်ပြီး တောင်ကြီးဟိုတယ်ကို မနက် ၈ နာရီခန့် ရောက်ပါတယ်။ အခန်းတွေ နေရာချ ခဏနားကြပြီး မြို့ထဲကို ထွက်လည်ကြတယ်။ မြို့မဈေး ၊ မယ်ဆိုင်မီနီမတ် ၊ နောက် ခိုင်သဇင်မှာ နေလည်စာစားကြတယ်။ မွေတော်ကကူကို နေ့လည်ပိုင်း သွားတယ်။ စိန်ပန်းပြာတွေနဲ့ တောင်ကြီးတကသိုလ် က အတော်လှပါတယ်။ ညနေမှာ ပွိုင့် စားသောက်ဆိုင်မှာ ညစာစားပြီး ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ တစ်ချို့လည်း ညဈေးဘက်လျှောက်ကြတယ်။ ဟိုတယ်က ကျွေးတဲ့ မနက်စာကို စားရင်း အရှေ့ဘက်တောင်တန်းကြီးကနေ နေထွက်လာတဲ့ ရှုခင်းကို ခံစားရတယ်။ မနက်ပိုင်းထိ တောင်ကြီးမှာ နေပြီး နေ့လည်မှာ အင်းထဲကို ဆင်းခဲ့ကြတယ်။
မိုးပျံငှက်
တောင်ကြီးမရောက်ဖူးသေးတဲ့ ကျုပ်အတွက်တော့ တစ်ခေါက်ရောက်သွားသလိုပါပဲ။.. ကိုငှက် ခရီးထပ်သွားခွင့်တွေရပြီး ပျော်ရွှင်ပါစေ.........
ReplyDeleteတစ်ခေါက်လောက် တူတူထပ်သွားရအောင်လေဗျာ ဓာတ်ပုံတွေရိုက် ပန်းချီလေးဆွဲရင်း
Delete