မြန်မာတို့ရဲ့ ဓလေ့အရ ဘုရားဖူး သွားကြတယ်။ ဘုရားလည်းဖူး ၊ ဒေသန္တရဗဟုသုတလည်းရလို့ ကောင်းတဲ့ အလေ့အထပါပဲ။ ငယ်ငယ်က မေမေရယ် ၊ အိမ်နီးနားချင်း ဒေါ်ကြီး ၊ ဒေါ်လေးတွေနဲ့ အထက်စက်တော်ရာ ၊ ကျောင်းတော်ရာ ၊ မကွေးမြသလွန်ဘုရားကို ရောက်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုလောက်ကြာမှ အခုလို မိသားစုခရီးလေးကို ထွက်ဖြစ်ခဲ့တော့ ကျွန်တော် ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်။ အမေရယ် ၊ ညီမလေးတွေရယ်အတူတူသွားခဲ့ကြလို့ပါ။ နောက်ဘယ်သောအခါ အတူတူသွားဖြစ်ဦးမလဲဆိုတာ မသေချာသေးပါ။ ကျွန်တော်က တောင်တန်းတွေကို သဘောကျတယ်။ တောင်တန်းတွေဟာ ကျွန်တော်စိတ်ကို တည်ငြိမ်စေပြီး ညှို့ငင်နေသလို ခံစားရတယ်။ တောင်တန်းတွေလို တည်ငြိမ်ပြီး ကြမ်းတန်းတဲ့ အရသာမျိုး။ တောင်တန်းတွေဟာ လှပပြီး မာယာများတယ်။ ကျွန်တော်ဒိုင်ယာရီဆန်ဆန် သိမ်းထားပြီး လွမ်းပါရစေခင်ဗျာ ။ ။
မိုးပျံငှက်
လာလွမ်းသွား၏။
ReplyDeleteတကယ်ပါပဲ။ တောင်တန်းတွေက တကယ်လှပပြီး မာယာများတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ကိုငှက်......
ReplyDeleteဒါပေမယ့် တောင်တန်းတွေကို ကျွန်တော်လည်း သဘောကျနေဆဲပါပဲ။..
မဗေဒါလဲ တောင်တန်းတွေကို သဘောကျတယ်... အထူးသဖြင့် ကျိုက်ထီးရိုးက ဘုရားလဲဖူးရတယ် တောတောင်လဲ ခံစားရလို့ အရမ်းကြိုက်တယ်... ဓာတ်ပုံတွေကြည့်ပြီး သတိရသွားပြီ...
ReplyDelete