Saturday, March 13, 2010

မိုးတွင်း


တိတ်တဆိတ် ခိုးအောင်းနေရတာနဲ့
ငှက်တွေစကားမပြောနိုင်ကြဘူး
လှိုင်းတွေထနေတဲ့ မြစ်ကြီးခမျာက ယောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွှတ်
ပြီးမှ ………….တစ်ဖန်စိမ်းလန်းရဲ့
တိမ်တွေကတော့တစ်ခုခုကိုအပန်းတကြီး ဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှမရှိနိုင်ဘူးလို့ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေခံယူနေကြ
ဟောဒါ……….
ရွာနိုင်သမျှရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပေါ့လေ………….
စိတ်ကူးတွေလည်း စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလည်း ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြိုလမ်းကြားလေးပေါ့
တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့ မိုးကြိုးတွေပစ်ပစ်ချတတ်လို့
ညစ်ပတ်ပတ် မည်းသဲသဲ
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေကြတဲ့ကလေးတွေကိုပဲ
ရင်ထဲ ဇွတ်ဆွဲသွင်းထားရတယ်။                ။
စန်းဦး
ရွှေခနောင်း (အ.ထ.က ကနောင်) ရွှေရတုအကြိုမဂ္ဂဇင်း
၂၀၀၂

No comments:

Post a Comment