ကဗျာတွေရေးမယ် ရေဝေးရောက်မှ
ဒီနေ့ သေစာရင်းမှာ ငါ့ နာမည်ရှာမိ
ဟိုး ခေါင်းတိုင်ကြီးမှာ အူနေတာ ငါ့ စိတ်တွေပဲ
အနက်ရောင်တွေ စီးမျောကျလာနေတာလား
သူငယ်ချင်း ကိုရီးယားမှာ သုံးနှစ်သံကွင်းနဲ့
ကျောမှာ ဆားပွင့်နေချိန် မင်း အဖေ့ ဈာပန ဒီနေ့ပဲ မြေကျတယ်
တကယ်တော့ မြေကျစရာ ဇာတိရပ်ရွာ ပြန်မရောက်ခဲ့ဘူး
မင်းအတွက် ငါတာဝန်ကျေခဲ့လား ညနေမှာ မိုးတွေရွာတယ်
ကောင်းကင်တစ်ခုထဲ အောက်
မင်းနဲ့ ငါနဲ့ အရင်လို လမ်းထွက်လျှောက်ကြရအောင်။ ။
မိုးပျံငှက်
26/08/2009

 
No comments:
Post a Comment