ဒီရက်ပိုင်း ကျွန်တော်တို့ Myanmar Egress  ဂျာနယ်လစ်ဇင်သင်တန်းသားတွေကိုကြည့်လိုက်ရင် ဟိုနေရာ စုစု စုစု ဒီနေရာ စုစု  စုစု နဲ့တိုးတိုးတိုးတိုးဆွေးနွေးနေကြတာ ခုအစိုးရသာသိရင်တော့ ဒီကောင်တွေ  ဆန္နပြနေကြတာလားဆိုပြီး အဆွဲခံရမယ့် ကိန်းခင်ဗျ ။  လူတိုင်းကအဖွဲလေးတွေကိုယ်စီနဲ့တိုင်ပင်နေကြတာပါ ။ဘာများလုပ်နေကြတာပါလိမ့် ။  တကယ်တော့ ဒါဆန္နပြနေကြတာ မဟုတ် ပါဘူး ။ ကျွန်တော်တို့ရဲ့ခပ်ဖြောင့်ဖြောင့်  ဂျာနယ်လစ်ဇင်ဆရာ ကိုကျော်မင်းဆွေက လုပ်ခိုင်းထားတဲ့အဖွဲ့အလိုက်  သင်တန်းတွင်းဂျာနယ်ထုတ်ဖို့ကိစ္စကို ကိုယ့်အဖွဲ့  လေးတွေနဲ့ကိုယ်တိုင်ပင်နေကြတာပါ ။ဇူလိုင်လရဲ့ နောက်ဆုံးအပတ်ကမှရလာတဲ့  ဒီညွှန်ကြားချက်ကိုအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့မှာ တစ်ပတ်အချိန်ရပါတယ် ။  မိုးတွေသည်းသည်းမဲမဲ ရွာကောင်းရွာနေမယ့် သြဂုတ်လရဲ့  ပထမပတ်အတွင်းကိုယ့်ဂျာနယ်လေးစထုတ်နိုင်ဖို့ အဖွဲ့ကိုယ်စီ  အချိန်ရှိသရွေ့လုံးပန်းနေတာခင်ဗျ။ ဒီကိစ္စအတွက်  တစ်ချို့အဖွဲ့တွေများထမင်းစားချိန်တောင် ဖြောင့်ဖြောင့်မစားနိုင်ကြပါဘူး ။  သူတို့ခမျာ တော်တော်လေးကို စိတ်ရောကိုယ်ပါ  မြုပ်နှံထားတာအတိုင်းသားမြင်နေရပါတယ် ။ အဲ တစ်ချို့ကျတော့လည်းအေးဆေးခင်ဗျ ။  သူ့အချိန်တန်ရင် သတင်းရှာပြီး စာစီစာရိုက်ပြီး ဒီဇိုင်းကအစ  အကုန်ပြင်ဆင်ထားတဲ့ဂျာနယ်တစ်စောင် မိုးပေါ်ကကျလာမဲ့ ပုံမျိုး ။  သွားမြဲလာမြဲ လစ်မြဲ ဆိုရမလိုပါဘဲ ။ ဘာပဲပြောပြော အဖွဲ့အများစုကတော့  တော်တော်လေး အားစိုက်နေကြပါတယ် ။ကျွန်တော်ဟာလည်း ဂျာနယ်လစ်ဇင်အတန်းက  သိုင်းဆရာနဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်တို့  အဖွဲ့ကိုယ်စားပြု Junior Voice Journal လေးကို အချိန်မှီ ထုတ်နိုင်ဖို့  သတင်းတွေရဖို့ တတ်သမျှမှတ်သမျှလေးနဲ့ လိုက်ကြိုးစားရပါတယ် ။ ဒါပေမဲ့  ကံများမကောင်းချင်တော့ သောကြာနေ့သာရောက်လာခဲ့တယ် အင်တာနက်က  လွယ်လွယ်ကူကူရနိုင်တဲ့ ဘာသာပြန်သတင်း ကူးချရည်ညွှန်းသတင်းတွေကလွဲရင်  ကျွန်တော်ကိုယ်တိုင်လိုက်ထားတာပါဆိုတဲ့သတင်းမျိုး မရသေးဘူးခင်ဗျ ။  ဒါကြောင့်ပဲ သတင်းတစ်ပုဒ်ကောင်းကောင်းရဖို့သတင်းဖြစ်နိုင်တာတွေကို  လိုက်ရှာရပါတယ် ။ သတင်းရချင်တော့လည်း တော်တော်ရှာလိုက်ရပါပဲ ။  နောက်ဆုံးတစ်ခုသွားတွေ့တာက ကျွန်တော်တို့ ခုလို  ကိုယ့်အဖွဲ့နဲ့ကိုယ်ဂျာနယ်လေးတွေထုတ်ဖို့ကြိုးစားနေတာတွေဟာ သတင်းတွေပဲပေါ့  ။မဟုတ်ဘူးလား။ ဒါကြောင့် စနေနေ့မနက်  ကျွန်တော်ကျောင်းရောက်တာနဲ့အဖွဲ့တစ်ခုချင်းစီက ခေါင်းဆောင်တွေနဲ့  လက်လှမ်းမှီရာအဖွဲ့ဝင်တွေ၊နောက်ပြီး ဒီလိုတာဝန်ပေးတဲ့ ကျွန်တော်တို့ရဲ့  ခပ်ဖြောင့်ဖြောင့် ဂျာနယ်လစ်ဇင်ဆရာ ကိုကျော်မင်းဆွေကိုပါ အင်တာဗျူးပြီး  ကျွန်တော်တို့ဂျာနယ်လစ်ဇင်အဖွဲ့တွေရဲ့ဂျာနယ်ထုတ်ဝေဖို့ကြိုးစားနေတဲ့  အခြေအနေလေးတွေကို မေးမြန်းဖြစ်ပါတယ် ။ ကဲ ကျွန်တော် ကြိုးစားထားတဲ့  အင်တာဗျူးလေးကို ဖတ်ကြည့်ပေးပါဦး ။ * * * * *  ကျွန်တော်တို့ဂျာနယ်လစ်ဇင်အတန်းထဲမှာ သိုင်းဆရာနှင့်အဖွဲ့ ၊ Cocoon ၊  Uberima Fide ၊ All in One နဲ့ Idea Tank ဆိုပြီး အဖွဲ့ငါးဖွဲ့ရှိပါတယ်။  ကျွန်တော်ပထမဆုံး အင်တာဗျူးဖြစ်တာကတော့ The Nation Builder ဂျာနယ်ကို  ထုတ်ဝေမယ့်Cocoon အဖွဲ့ ပါ ။ ပန်းကလေးတွေရဲ့ဝတ်မှုန်လို့အကြမ်းဖျင်း  ဘာသာပြန်လို့ရတဲ့ အနုပညာဆန်တ့နဲာမည်လေးနဲ့Cocoon အဖွဲ့ဟာ ပန်းချီဆရာမ  မဇွန်စပယ်ဖြူ (အဖွဲ့ခေါင်းဆောင်) ၊ကိုသောင်းထွန်း ၊ ကိုမျိုးမင်းထွန်း ၊  ကိုခိုင်ပီး ၊ ကိုငိုပီး ၊ ကိုလင်းလင်းစိုး ၊ကိုဇော်တေဇ နဲ့  ကိုမိုးမြင့်မောင် စတဲ့ အဖွဲ့ဝင်(၈) ယောက်နဲ့ဖွဲ့စည်းထားပါတယ် ။  သူတို့ထုတ်မဲ့ Nation Builder ဂျာနယ်ဟာ နိုင်ငံရေးဂျာနယ် အထူးသဖြင့်  နိုင်ငံတော်တည်ဆောက်ရေးကိုအသားပေးဖော်ပြမယ်လို့ ကိုမျိုးမင်းထွန်းကဆိုပါတယ်  ။ သူဟာ ဒီဂျာနယ်အတွက် စာစီစာရိုက် ဒီဇိုင်းအပိုင်းကိုလည်း  တာဝန်ယူလုပ်ဆောင်ပေးမယ့်သူ ပါ ။ နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုမိုးမြင့်မောင်ကတော့ လောလောဆယ်  အင်တာဗျူးစာမူတစ်ခုရေးပေးထားပြီးနောက်ပိုင်းမှာအတွေးအမြင်ဆန်ဆန်လေး  တွေရေးမယ်လို့ဆိုပါတယ်။ အချိန်မရလို့အားချင်းလုပ်ရပေမဲ့ ပြည်တွင်းသတင်း  တစ်ချို့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ထားတယ်လို့လည်း ပြောပါတယ် ။  ကိုဇော်တေဇကတော့ The Voice ဂျာနယ်က Street and Smart  ဆွေးနွေးခန်းပုံစံမျိုးရေးထားတယ်လို့ဆိုသူ ပါ ။ ဒီဂျာနယ်ဟာ အစက  Entertainment ကိုတည်ထားရာကနေ သောကြာနေ့ကမှ Trend ပြောင်းလိုက်တာလို့  သူကဆက်ပြောပါတယ် ။ Cocoon အဖွဲ့ဟာ သတင်းအများစုကို  အင်တာနက်ကနေရယူတာဖြစ်ပြီး သတင်းတစ်ပုဒ်ကို ဆိုဒ်ပေါင်းစုံကရှာတယ်လို့  အဖွဲ့ခေါင်းဆောင် မဇွန်စပယ်ဖြူက ဆိုပါတယ် ။ ဒီ Nation Builder  ဂျာနယ်ထုတ်ဖို့ကိစ္စမှာ အဖွဲ့ဝင်အားလုံးက ရာနှုန်းပြည့်ပါဝင်ကြတယ်လို့  လည်းဆိုပါတယ် ။ကျွန်တော်နောက်ထပ်တွေ့ဆုံဖြစ်တာကတော့ အစွမ်းကုန်  ရိုးသားခြင်းလို့အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာစကားကိုယူထားတဲ့ Uberima Fide  အဖွဲ့ပါ ။ Public Echo လို့ခေါ်တဲ့ဂျာနယ်ကိုတာဝန်ယူထုတ်ဝေမှာဖြစ်ပြီး  အဖွဲ့ခေါင်းဆောင် မမြတ်မေဇင် ၊ ကိုခိုင်စိုးအောင် ၊ မနှင်းသဇင်ဦး ၊  မအဉ္ဇလီစိုးစိုး၊ မကုဋေကုဋာမျိုးလှိုင် ၊ ကိုနေရုန်း ၊ ကိုနေမျိုးကျော် ၊  ကိုမြတ်နိုးအောင် နဲ့ကိုဇော်မျိုးထိုက် အပါအဝင် အဖွဲ့ဝင် ကိုးယောက်တောင်  ရှိလို့ကျန်အဖွဲ့တွေထက်စာရင် တော်တော်လေးအင်အားတောင့်တင်းတဲ့အဖွဲ့ လို့ဆိုရ  ပါမယ် ။(အဖွဲ့ဝင်တစ်ချို့ရဲ့နာမည်တွေက စာစီစာရိုက်တွေ  ဒုက္ခရောက်မယ်ဆိုတာကိုလည်း ပြောချင်ပါတယ် အဟဲ ) Public Echo ဂျာနယ်ဟာ  လူငယ်တွေကို စိတ်အားမြှင့်ပေးမယ် ၊ သင်ခန်းစာပေးမယ်လို့  သူတို့ထုတ်မဲ့ဂျာနယ်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး မမြတ်မေဇင်ကပြောပါတယ် ။  အင်တာဗျူးတစ်ခု  ဆောင်ပါးတစ်ပုဒ်နဲ့ပြည်တွင်းသတင်းတွေကိုယ်တိုင်လိုက်ပြီးရေးသားထားတဲ့ကိုခိုင်စိုးအောင်ကတော့  သူတို့ရဲ့အဖွဲ့ဝင်တစ်ယောက်  ဒီရက်ပိုင်းကျောင်းပျက်ပြီးဘာမှပူးပေါင်းပါဝင်မှုမရှိတာကို ပြောပြသွားပါတယ်  ။သူက Public Echo ဂျာနယ်ရဲ့စာစီစာရိုက် ဒီဇိုင်းတာဝန်ကိုလည်းယူထားပါတယ် ။  Let’s make brighter future ပိုတောက်ပတဲ့ အနာဂတ်ကို ဖန်တီးကြပါစို့  လို့ကြွေးကြော်သံနဲ့ The Demo Light ဂျာနယ်ကိုတာဝန်ယူထုတ်ဝေမှာကတော့  ကိုမင်းမင်းနိုင် (ရှေ့နေကြီး) ဦးဆောင်တဲ့Idea Tank အဖွဲ့ပါ။ ဒီအဖွဲ့မှာ  ကိုဇော်ဆိုင်း ၊ ကိုဝေယံလင်း ၊မနန်းတင်ထွေး ၊ ကိုဂျောင်ဆန်ထုံ ၊  မအိဖြိုးမင်းသူ ၊ ကိုစောကျော်ထင် ၊ ကိုဇမ်းထွမ်း နဲ့ရှေ့နေကြီးအပါအဝင်  အဖွဲ့ဝင်ရှစ်ယောက်တောင်ရှိပါတယ် ။ သူတို့ဂျာနယ်ဟာ Policitical  အပိုင်းကိုဦးစားပေးမှာဆိုပေမဲ့ ကဗျာ ၊ ရသစာတမ်း လိုမျိုးတွေကိုလည်း  ထည့်သွင်းဖော်ပြသွားမယ်၊ဒါအပြင့် စာနယ်ဇင်းသမားတွေအတွက်သိသင့်သိထိုက်တဲ့  ဥပဒေရေးရာတွေကို လည်းဖော်ပြပေးသွားမယ်လို့  အဖွဲ့ခေါင်းဆောင်ကိုမင်းမင်းနိုင်(ရှေ့နေကြီး)  ကဆိုပါတယ်။လက်ရှိမှာစာရိုက်ဖို့ကွန်ပြူတာအခက်အခဲရှိနေပေမဲ့  အဖွဲ့ဝင်တစ်ဦးကိုစာမူသုံးပုဒ်လောက်ရမယ်လို့ခန့်မှန်းထားကြောင်းလည်းပြောပါတယ်။  နောက်ပြီး သူတို့ဂျာနယ်မှာ Heavy သတင်း ရထားတာ  ရှိတယ်လို့လည်းဆိုပါတယ်။မြန်မာရှိတ်စပီးယားအကြောင်းအခန်းဆက်ဆောင်းပါးရေး  ထားတဲ့ ကိုဇော်ဆိုင်းကတော့ ဒီဂျာနယ်ထုတ်ဖို့ကိစ္စမှာ ဦးဆောင်သူတွေသာ  တတ်ကြွနေပြီး ကျန်တဲ့အဖွဲ့ဝင်တွေကတော့အေးတိအေးစက်ဖြစ်နေကြောင်း ၊  စာမူတွေလည်း အကုန်မရသေးကြောင်းပြောကြားခ့ပဲါတယ်။ အဖွဲ့တွေထဲမှာ  ကျွန်တော်အင်တာဗျူးဖို့နောက်ဆုံးကျန်တာကတော့ စပဲရိုးလို့  ကျွန်တော်တို့ခေါ်တဲ့ ကိုနေလင်းထိုက်ရဲ့ All in One အဖွဲ့ပါ ။ သူတို့အဖွဲ့က  Future Truthworthyt Newspaper ဆိုတ့ေဲ ဆာင်ပုဒ်နဲ့ The Egerss Times  ဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာပုံစံ ဖန်တီးမယ်လို့သိထားပါတယ် ။ အတန်းထဲမှာ  သူတို့အဖွဲ့လူတွေကို တစ်ယောက်မှမတွေ့ပါဘူး သူတို့အဖွဲ့ဝင်တချို့လည်း  ကျောင်းလာပေမ့ေဲ စာစောပြန်သွားတယ်လို့သတင်းရတော့ရုတ်တရက်သူတို့  ကိုဘယ်ရှာရမှန်းမသိဖြစ်သွားပါတယ်။  နောက်ဆုံးအတန်းဖော်တစ်ယောက်ကလမ်းညွှန်တော့မှကျွန်တော်တို့သင်တန်း  ရဲ့အပေါ်နှစ်ထပ်မှာရှိတဲ့ Living Color  မဂ္ဂဇင်းတိုက်ကကွန်ပြူတာတစ်လုံးရှေ့မှာ စာထိုင်ရိုက်နေတဲ့  ကိုနေလင်းထိုက်ကို ရှာတွေ့ပါတယ် ။ရောက်ရောက်ချင်းဘာမှမမေးသေးဘဲ  သူတို့ဂျာနယ်ရဲ့လုပ်လက်စ အခြေအနေကိုထိုင်ကြည့်နေလိုက်တဲ့အခါ  ရှစ်ဆယ်ရာခိုင်နှုန်းလောက်  ပြီးစီးနေတာကိုတွေ့ရပါတယ်။ဒါတောင်အဖွဲ့ဝင်အားလုံးရဲ့ ၇၅  ရာခိုင်နှုန်းလောက်ပဲ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့  သူကဆိုပါတယ်။ကွန်ပြူတာမရတဲ့အခက်အခဲနဲ့ အဖွဲ့ဝင်တွေထဲမှာ စာစီစာရိုက်  ကျွမ်းကျင်သူတစ်ဦးသာရှိပေမဲ့ တနင်္လာနေ့  ထွက်နိုင်မယ်ထင်တယ်လို့တက်တက်ကြွကြွဆိုပါတယ်။ကိုနေလင်းထိုက်ရဲ့ All in One  အဖွဲ့မှာ ကိုအောင်ပိုင်စိုး ၊ ကိုဇမ်ခန်းထျဲန် ၊ ကိုဆလိုင်းမန်ဟဲလျန် ၊  မသိမ့်သီတာ ၊ မစိမ်းနုနု နဲ့ ကိုထွန်းလှရွှေ တို့ပါဝင်ပြီး  အဖွဲ့ဝင်တစ်ယောက်သာ အလုပ်ကိစ္စတွေရှိနေတဲ့အတွက်  သင်တန်းမလာနိုင်ဘဲသတင်းမပေးနိုင်တာလို့ ကိုစပဲရိုးကဆိုပါတယ် ။သူဟာThe  Egress Times ဂျာနယ်ရဲ့နိုင်ငံတကာသတင်းတွေကို တာဝန်ယူထားပါတယ်။  ကျွန်တော်ဟာဒီလိုနဲ့ ဂျာနယ်ထုတ်မယ့်အဖွဲ့တွေကို အင်တာဗျူးသွားလိုက်တာ  နောက်ဆုံး အင်တာဗျူးဖို့က ဒီကိစ္စတွေကို တာဝန်ပေးတဲ့ ကျွန်တော်တို့ရဲ့ ခပ် …  (ထားပါလေ တအားဖားနေတော့လည်း ကျန်တ့သဲူတွေ အမြင်ကပ်နေဦးမယ် အဟဲ )  ကျွန်တော်တို့ရဲ့ဆရာကိုကျော်မင်းဆွေတစ်ယောက်ပဲကျန်ပါတော့တယ် ။  ဆရာ့ကိုအင်တာဗျူးစရာအကြောင်းကလည်းဒီလိုရှိတယ် လေ ။ အစက  ကျွန်တော်တို့ဂျာနယ်လစ်ဇင်အတန်းမှာ တစ်တန်းလုံးကို ကိုယ်စားပြုတဲ့  နံရံကပ်စာစောင်သာသာဂျာနယ်လေးထွက်ဖို့ကိစ္စကနေခုလို့မျိုးတစ်ဖွဲ့တစ်စောင်  ထုတ်ရမယ်လို့ဆရာကပြောင်းခိုင်းလိုက်တာကိုး ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာက  ခုလိုတစ်ဖွဲ့ တစ်စောင် ထုတ်ခိုင်းရခြင်းဟာ အတန်းသားအားလုံးရဲ့  ပူးပေါင်းပါဝင်မှုကို လိုချင် လို့ဖြစ်ကြောင်းရှင်းပြပါတယ်။တကယ်လို့  မူလကအတိုင်းတစ်တန်းလုံးစာ တစ်စောင်ပဲထုတ်မယ်ဆိုရင် ခိုနေမ့သဲူတွေ  ရှိလာနိုင်တယ် လို့ ဆိုပါတယ် ။  ကျွန်တော်ကခုကျွန်တော်တို့ဂျာနယ်လုပ်တဲ့အဖွဲ့အများစုဟာ  အစောဆုံးတနင်္လာနေ့မှာထုတ်နိုင်လိမ့်မယ် လို့မမျှော်လင့်နိုင်ကြပါဘူး။  အဲဒါကိုအင်တာဗျူးတွေအရသိရပါတယ်လို့ဆိုတဲ့အခါ ဒါကိုမျှော်လင့်ထားတယ်လို့  ပြောပါတယ်။နောက်ထပ်ကျွန်တော်က ကျွန်တော်တို့လုပ်နေတ့ဂျဲာနယ်တွေရဲ့  အဓိကသတင်းရယူတဲ့ နေရာက အင်တာနက်ပဲဖြစ်နေတဲ့အချက်ကိုပြောပြတ့အဲ ခါ  ဒါကိုလက်ခံနိုင်တယ် ၊ အဓိကက ဂျာနယ်တစ်စောင်ထုတ်ရာမှာ တွေ့ကြုံရမဲ့  အခြင်းအရာ  တွေကိုသင်တန်းသားတွေသိစေချင်လို့ဖြစ်တယ်လို့ပြောပါတယ်။နောက်ပြီးဒီကိစ္စလေးကြောင့်  ဘယ်သူတွေ ဘယ်လောက် လုပ်တတ်တယ် ။ ပြီးခ့တဲ့ သဲ င်ခန်းစာတွေကို ဘယ်လောက်  ကျေညက်တယ် ဆိုတာသိနိုင်မယ်လို ဖြည့်ရှင်းပြပါတယ်။ ဒီနေရာမှာ  ကျွန်တော့အခြေအနေလေးကိုလည်း နည်းနည်းလောက် ပြောပါရစေဦး ။ ကျွန်တော့မှာ ဆရာ  ကိုကျော်မင်းဆွေနဲ့ အင်တာဗျူး လုပ်မဲ့သာလုပ်နေရတာ တကယ်တမ်း စာအုပ် လေး  တစ်အုပ်ရယ် ဘောပင်ကလေးရယ်ကလွဲရင် ဆရာပြောသမျှသည်၏မလွဲလိုက်မှတ်ဖို့  Recorder တို့ MP3 တို့လည်းမပါပါဘူး ။သည်တော့ ဆရာနဲ့ မဗျူးခင် ကတည်းက Trick  လေးတစ်ခုလုပ်ထားရပါတယ် ။ အဲဒါကတော့  မေးခွန်းနည်းနည်းပဲမေးဖို့။ဒါမှဆရာပြန်ဖြေတာကို  ကျွန်တော်လိုက်မှတ်ရလွယ်မယ်လေ။ဒီလိုနဲ့ ခုနကမေးခွန်းလေးသုံးခုကိုပြင်ပြီး  အင်တာဗျူးစလုပ်တာပါ။ အဲဒီမှာနောက်တစ်ခုက မေးနေရင်း  ကျွန်တော်တို့ရဲ့ခပ်ပျော်ပျော်နေတတ်တဲ့ ဂျာနယ်လစ်ဇင်ဆရာ  ကိုကျော်နိုင်ပြောတာလေး ကိုသွားသတိရမိတယ်။  အင်တာဗျူးတစ်ခုလုပ်ရင်ဟိုကဖြေသမျှကို ဒီက  ကုန်းပြီးလိုက်မှတ်နေလို့ဘဲမဖြစ်ဘူးမဟုတ်လား။ ဒီတော့ တစ်ချက်တစ်ချက်ဖြေတ့သဲူရဲ့မျက်နှာကိုလည်းကြည့်ရသေးတာပေါ့ ။  အဲဒီမှာစတွေ့တာပါပဲ။ကျွန်တော်လည်းဆရာကိုပြန်ပြန်ကြည့်နေရတာနဲ့ဆရာဖြေသမျှသည်၏မလွဲ လိုက်မမှတ်နိုင်တော့ပါဘူး အဟဲ။ဒါနဲ့ပဲဆရာကိုကျော်မင်းဆွေပြန်ဖြေသမျှကို သည်၏မလွဲ လိုက်မရေးတော့ဘဲ  အဓိကအချက်ကလေးတွေဘဲပြန်ရေးဖိုဆုံးဖြတ်လိုက်ရတာပေါ့ ။ ဒီလိုနဲ့ဆရာနဲ့  အင်တာဗျူးလုပ်ပြီး ကျွန်တော်က နှုတ်ဆက်လို့ပြန်မယ်အလုပ်မှာ ဆရာစကားထဲက  သိချင်တာလေးတစ်ခုပါလာတာနဲ့ ဒီအင်တာဗျူးဆောင်းပါးလေး အတွက်  နောက်ဆုံးမေးခွန်းကိုမေးဖြစ်လိုက်ပါတော့တယ် ။ Yangonese ။ ။“ ဆရာ  ကျွန်တော်တို့ အဖွဲ့အလိုက် သုံးလေးစောင်လောက်ထုတ်ပြီးတာနဲ့  အားလုံးပေါင်းလုပ်ရမှာပေါ့နော် ” ဆရာကျော်မင်းဆွေ ။ ။“ ဟုတ်ပါတယ် ။ အားလုံး  သွေးပူသွားပြီဆိုတာနဲ့  နောက်ဆုံးမှာဂျာနယ်လစ်ဇင်အတန်းသားတွေအားလုံးပေါင်းပြီး  Perfectဂျာနယ်တစ်စောင်ထုတ်မယ် ”(ကျွန်တော့်အင်တာဗျူးလေးကတော့  ဒီမှာပဲပြီးဆုံးပါပြီ ။နောက်ဆုံးရရှိတဲ့သတင်းတွေအရ  ကိုနေလင်းထိုက်(စပဲရိုး)တို့အဖွဲ့ရဲ့ The Egress Times ဂျာနယ်က  ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးထွက်ရှိလာပါတယ်။)
Yangonese
Thursday , August 6 –  August 17, 2009
JUNIOR VOICE WEEKLY JOURNAL
 
No comments:
Post a Comment