Saturday, September 17, 2016

Saturday, July 2, 2016

ရှင်သန်ခြင်း #3



မိုးပျံငှက် ရှင်သန်ခြင်း #3

ပန်းချီဆရာဆီ အလည်ရောက်ခဲ့စဉ်



Artist Ko Zayyar Lin
၂၀၁၀ ခုနှစ်ဝန်းကျင် လှည်းတန်းမှာ အဆောင်နေတုန်းက ပန်းချီဆရာနဲ့ အပေါ်ထပ် အောက်ထပ် သူ့အခန်း သွားလည်ခဲ့တယ်။ သူက ဦးသန့်ပုံတူ စာအုပ်မျက်နှာဖုံးရေးဆွဲ နာမည်ရခဲ့သူလို့ သိရပါတယ်။ ကျွန်တော်ရောက်တော့လည်း သူ Portrait ဆွဲနေပါတယ်။

 Ayeyarwady River 2013 Acrylic on canvas 36″ x 48″

နောက်တစ်ယောက်က Artist Ko Shwe Thein  http://thukhuma.org/artist-gallery/shwe-thein/
သူ့ကိုတော့ New Zero Artspace မှာတွေ့ခဲ့တာပါ။ သူကတော့ အခုတော်တော့်ကို နာမည်ရပန်းချီဆရာဖြစ်နေပါပြီ။ ပန်းချီအမှတ်တရအဖြစ် သတိရစွာ ပြန်တင်လိုက်ပါတယ်။

မိုးပျံငှက်


Thursday, June 30, 2016

ဝမ်းနည်း ကြွေကွဲခြင်း


အစ်ကို ဝမ်းကွဲ တစ်ယောက် ဆုံးသွားတယ်။ မနေ့က သတင်းကြားကတည်းက စိတ်မကောင်း ဖြစ်နေပါတယ်။ ငယ်ငယ်က အဖေ့ရွာ သွားလည်တိုင်း အစ်ကိုတွေနဲ့ သူတို့သွားရာ တစ်ကောက်ကောက် လျှောက်လိုက် ဧရာဝတီမြစ်ထဲ ရေကူး။ ငယ်ငယ်က ပုံရိပ်တွေ ရုပ်ရှင်အနှေးပြကွက်လို တစ်ကွက်ချင်း မြင်ယောင်လို့ ။ ညီအစ်ကိုတွေ အိမ်ထောင်တွေကျ သားသမီးတွေရ။ အဖေဆုံးသွားကတည်းက အဖေ့ရွာကို အရောက်နည်း အစ်ကို ဝမ်းကွဲတွေနဲ့ စိမ်းသွားတယ်။ သူတို့ ဘဝ သူတို့မိသားစု ရုန်းကန်နေရသလို ကျွန်တော်လည်း ကိုယ့်ဘဝကိုယ် ရုန်းကန်နေရင်း ဝေးဝေးသွားခဲ့ရ။ အစ်ကိုနဲ့ မတွေ့တာ ၅ နှစ်လား။ ၁၀ နှစ်လား။ နောက်ဆုံး ဘယ်တုန်းက တွေ့ခဲ့လဲ ပြန်စဉ်းစားမရ။ သူ့မိသားစု ပြိုကွဲ ဝမ်းနည်းပြီး မျက်ရည်ဝဲမိ။ ကျွန်တော်ပြန်လာရင် ပြန်ဆုံမယ် မျှော်လင့်တုန်း အစ်ကို လွင့်ပါးခဲ့ရပြီ။ လူ့ဘဝက တိုတိုလေးပဲ။ အစ်ကို ကောင်းရာသုကတိလားပါစေ။ အဝေးတစ်နေရာ ရောက်နေလို့ ကျွန်တော် မလာနိုင်တာ ခွင့်လွှတ်ပါဗျာ။

ဗိုလ်တက်ခေါက်။

Sunday, June 26, 2016

အလွမ်းစာ


မုန်းတိုင်းက ပြင်းထန်တယ် 
မင်းအိမ်ရှေ့က ဖယ်ရှားခံလိုက်ရတဲ့ သစ်ပင်
ပြန်မဆပ်ရသေးတဲ့ အအေးတစ်လုံး မြေပဲယိုလမ်းမ 
 တောင်တန်း ပင်လယ် မိုးတိမ် ဓ ၄၅ ၂၂၆ ၅၀
ဥတုသုံးလီမှာ ဂုဏ်မြင့်သူသီချင်းနဲ့ လေလွင့်ခဲ့
ရှည်ကြာစွဲမြဲ ချစ်မိကတည်းက စာလုံးပေါင်းမှားတယ်
ဖြူစင်မှုတွေ အရောင်စွန်းထင်းသွားတဲ့အခါ
ပန်းရောင်အိမ်မက်မှာ အပြစ်ရှိတယ်
အ၀ါရောင်ကိုခွဲခြမ်းစိတ်ဖြာ အဖြေမရခဲ့
ကိုယ်ပိုင်ရင်ခုန်သံနဲ့ တစ်ဆစ်ဆစ်စူးဝင်ခဲ့တဲ့မြှား
နှုတ်ဖို့ခက်ပြီ
တန်ဖိုးထားမြတ်နိုးခဲ့တော့
အရှုံးတွေလည်း ချိုမြိန်ခဲ့ပြီ
သေးသေးမွှားမွှားမျှော်လင့်ချက်နဲ့
စွန့်လွှတ်ဖို့လည်း ရင်မောရပြီ
ဖြစ်တည်နေမှုအတွင်း ငြင်းဆန်ရင်း
ဝေးဝေးသွားရ နေ့ပေါင်းများစွာ
…………………………………………….
(၈)ထပ်တိုက်ပေါ်က အရိပ်လေးရေ
အချိန်မှန်ဓာတ်ကြိုးတွေပေါ်လာငြိတဲ့
ကောင်းကင်မရှိ ငှက်တစ်ကောင်
အသံတိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်
1000110001000100011100010111110011010100
မင်းအမည်နဲ့ mail ပို့လိုက်တယ်။ ။

မိုးပျံငှက်  

Sunday, July 25, 2010

AC on Canvas 18" x 24"