Wednesday, December 14, 2011

အသည်းမကွဲချင်ဘူး

64 ဘီယာဆိုင်မှာ အမူးသောက်ပစ်လိုက်တယ်
ကြီးလေချည်လေ သံပုရာသီးတစ်လုံး လမ်းပေါ် လိမ့်ကျသွားသလို

မဖြစ်ညစ်ကျယ် ဝေဒနာ ကဗျာရေးပြီး မရူးချင်တော့လို့
ကြီးကောင်ကြီးမားကျမှ အသည်းကွဲကြောင်း
ဒီနေရာမှာ မပြောတော့ပါဘူး
မင်းက ရက်စက်သူကြီး မဟုတ်သလို
မင်း ရွေးခြယ်တဲ့ ဘ၀မှာ
ငါတို့ ကိုယ့်ခရီးကို ကိုယ်ဆက်ကြရုံပေါ့ ။               ။

မိုးပျံငှက်

Thursday, September 22, 2011

သီပေါ ၊ လာရှိုးသို့ ခရီးတစ်ခေါက်






ပြင်ဦးလွင်ထိ ခရီး နှစ်ခေါက်ရောက်ခဲ့သော်လည်း မူဆယ်ဘက်ဆက်မရောက်ဖြစ်ခဲ့။
အခု တစ်ချိန်မှာတော့ သီပေါ မြို့သို့ ရောက်ခဲ့ရပါပြီ။ ဂုတ်တွင်းမှာ
ကားပျက် ပိတ်မိနေလို့ မိုးလင်းပေါက် စောင့်ရတာနဲ့ ကြုံခဲ့တယ်။ ရထားအတွက်က
ဂုတ်ထိတ်တံတားကို လှမ်းမြင်ရတယ်။ သီပေါမှာ အလုပ်ကိစ္စတွေပြီးတော့
အချိန်ရသေးတာနဲ့ လားရှိုးထိတက်ခဲ့တယ်။ သီပေါ ၊ လားရှိုး ခရီးစဉ်ကနေ
ရန်ကုန်ပြန်ရောက်တော့ ဒီပုံလေးတွေပဲ တင်ဖြစ်လိုက်ပါတယ်။

မိုးပျံငှက်
ခရီးသွား မှတ်တမ်း

Wednesday, August 24, 2011

ပြည် ၊ ပေါက်ခေါင်း ခရီးစဉ် ၊ ၂၀၁၁

ပြည်မြို့ မှ ဗိုလ်ချုပ်ကျောက်ရုပ်

ပြည်ရွှေဆံတော် ဘုရား

သရေခေတ္တရာ ရှေးဟောင်း ပြတိုက်သို့

ပေါက်ခေါင်း ဆေးရုံသို့ မွေးလူနာရောက်လာခြင်း

ဂျပန်နိုင်ငံမှ လှူဒါန်းသော Ultrasound ဖြင့် စမ်းသပ်နေပုံ

ပေါက်ခေါင်းမြို့မှ ဗိုလ်ချုပ်ကျောက်ရုပ်

ပြေးပြေးလွှားလွှားနဲ့ ဘလော့ကို တင်လိုက်ရပါတယ်။ ဗိုလ်ချုပ်ကျောက်ရုပ်တွေရှိတဲ့ မြို့တွေဆိုတော့ အမှတ်တရ ပုံလေးတွေပဲ တင်လိုက်ပါတယ်။

မိုးပျံငှက်

Sunday, August 21, 2011

ပြင်ဦးလွင်မြို့တော်သို့ ဒုတိယအကြိမ်ခရီး

ပန်းမြို့တော်သို့ အလုပ်ကိစ္စနှင့် ဒုတိယအကြိမ်ရောက်ရပြန်ပါတယ်။ Pyin Oo Lwin DR Installation နဲ့ Onsite Training အတွက်ဖြစ်ပါတယ်။ မြန်မာတပြည်လုံးတွင် လက်ရှိ Computed Radiography ( CR ) နှစ်မျိုးရှိပြီး Direct Digital Radiography ( DR ) နှစ်မျိုးလက်ရှိ အသုံးပြုနေပါပြီ။ DR အနေဖြင့် Wireless Carestream FPD နှင့် Canon Wire FPD အမျိုးအစားများ ဖြစ်ပါတယ်။ CR မှာ Kodak , Konica , AGFA , Fuji စတဲ့ အမျိုးအစားများ နောင်လာမယ့် နှစ်အနည်းငယ်တွင် ပိုမိုများပြားလာဖွယ်ရှိပါတယ်။








နောက်တစ်ပတ်မှာတော့ ပြည် ၊ ပေါက်ခေါင်းမြို့တွေကို ခရီးထွက်ရပါဦးမယ်။



မိုးပျံငှက်

ခရီးသွား မှတ်တမ်း

Sunday, June 19, 2011

လှည်းတန်းက လ၀န်းသစ်


 


















ဒီနေ့ မနက် မိုးတွေ အုံ့ဆိုင်းနေပြီး ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်
မြို့ပြရှုခင်းကို သတိထားကြည့်မိတယ်။ ဂျက်ဆင်ကို မှုန်ပြပြလှမ်းမြင်ရတယ်။
မိုးလင်းတာနဲ့ ကျီးကန်းအော်သံ ၊ ကားဟွန်းသံ ၊ မြစ်ကမ်းဘက်စက်ရုံက
ဥသြဆွဲသံ တွေနဲ့ လှည်းတန်းက နိုးထလာပါတယ်။ အလုပ်နဲ့နီးတာမို့
ဇေယာသီရိလမ်းက အဆောင်ကို ပြောင်းလာဖြစ်တယ်။ ကျောင်းသားဘ၀က ဗဟိုလမ်းပေါ်မှာ
နေခဲ့ဖူးတယ်။ အင်းလျားကန်ဘက်ကို မနက်စောစောထ ပြေးကြပြီး မနက်ခင်း
လေပြည်လေညှင်း နုနုလေးကို တ၀ရှုသွင်းခဲ့ကြတယ်။ အခု တစ်ကြိမ်လှည်းတန်းကို
ပြန်လာနေဖြစ်တော့ တွဲနေကြ သူငယ်ချင်းတွေ မရှိကြတော့။ ဦးထွန်းလင်းခြံလမ်း
၊ ဇေယျာသီရိလမ်းတွေမှာ တိုက်အမြင့်ကြီးတွေနဲ့ အပြောင်းအလဲမြန်တယ်။
ကျွန်တော်တို့ ရန်ကုန်ရောက်စ လှည်းတန်းနဲ့ အတော်ကွာသွားပါပြီ။
ဂိုးရှိုးစတိုး နဲ့ မန္တလေးဖိနပ်ဆိုင် မရှိတော့ ။ လှည်းတန်းစင်တာဖွင့်ပါက
လှည်းတန်းဟာ အချိုးအကွေ့တစ်ခုကို ဖြတ်သွားပါလိမ့်မယ်။ လော်လော်ဆယ်တွင်
ပြည်မြန်မာ ကုန်တိုက်ဝင်းကို ပိတ်ထားပြီး ရှေ့ဆက်ဘယ်လို
တွေပြုပြင်ပြောင်းလဲဦးမယ်ဆိုတာ မသိပါ။ မီးပွိုင့်ကို ခောတ်မီ
နှစ်ထပ်လမ်းမကြီးများ ၊ ဂုံးကျော်တံတားများ ဆောက်လုပ်ပေးပါက
မီးပွိုင့်မှာ အချိန်ကုန်သက်သာ လမ်းကူးသူများ အန္တရာယ်ကင်းမယ်လို့
တွေးမိပါတယ်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်တချို့ မရှိတော့။ ညနေ ၆
နာရီလောက်တွင် ငါးကင်ညှော်နံ့နဲ့ အတူ လူတွေက လမ်းပေါ်ထွက်ကျလာတယ်။
ပါရာဒိုင်း ရွေ့သွားသလို သူငယ်ချင်းတွေ ရွေ့သွားခဲ့ကြ။ အတိတ်က
နာကြင်ခဲ့သော ဝေဒနာများ သက်သာလို့ သက်သာငြား Mr Guitar မှာ
ကယ်ရီကေချားအဆွဲခံကာ အခန်းကျန်းထဲမှာ ချိတ်ဆွဲထားပါမယ်။ နောက် 64 မှာ
ဘီယာသောက်ပြီး ရယ်မော နှစ်ခြိုက်စွာ အိပ်စက်ပါဦးမယ်။          ။

မိုးပျံငှက်

Saturday, June 4, 2011

ပန်းချီကားများနှင့်ပျော်မွေ့သူ

အလုပ်ပိတ်ရက် မိတ်ဆွေပန်းချီဆရာများဆီ အလည်ရောက်ဖြစ်တယ်။
သူ့ပန်းချီကားတွေနဲ့ သူ့ရဲ့ အခန်းလေးထဲမှာ အလုပ်ရှုပ်နေတဲ့ ကိုဇေယျာလင်းနဲ့ ဒီတစ်ပတ်တော့ တွေ့ခဲ့တယ်။ သူက ပန်းချီကားများဆွဲရင်း ဘ၀ကို ပျော်မွေ့နေသူပါ။ သူနဲ့ ရောက်တတ်ရာရာ စကားစမြည်ပြောရင်း ဒီအကြောင်းလေးပဲ တင်လိုက်ပါတယ်။

Vincent Min Lwin ဆွဲထားတဲ့ အကြမ်းထည် ပန်းချီကားတစ်ချပ်ကို တွေ့ခဲ့တယ်။ ၆ နှစ်သားကတည်းက Solo ပွဲလုပ်ခဲ့တဲ့ ဆရာနရီမင်းရဲ့ သား ဗင့်ဆင့်မင်းလွင်ဟာ ပန်းချီကားတွေ ဆွဲဖြစ်သေးသလားမသိ။ သူ့ရဲ့ ပြပွဲသတင်းတွေ မကြားရတာ အတော်ကြာပေါ့။             ။

မိုးပျံငှက်

Sunday, May 22, 2011

မြန်မာပြည်က Graffiti Art

ဒီနေ့ ပျင်းပျင်းရှိတာနဲ့ New Zero Art Space ကို ညနေပိုင်းရောက်ခဲ့တယ်။
ပန်းချီဆွဲနေတဲ့ သူငယ်ချင်းတချို့ကို တွေ့လို့တွေ့ငြား စိတ်ကူးနဲ့ပါ။
ဒါပေမယ့် ဘယ်သူမှ မတွေ့ခဲ့ပါဘူး။
အလုပ်တွေနား အသက်ကြီးတဲ့ အခါကျရင်တော့ လုပ်ချင်တာလေးတွေရှိပါတယ်။
မြန်မာပြည်က Graffiti Art ကိုပဲ တင်လိုက်ပါတယ်။

မိုးပျံငှက်

Saturday, May 14, 2011

KL မြို့သို့ ရောက်ခဲ့စဉ်

ပြည်တွင်းရော ပြည်ပရော အလုပ်ကိစ္စတွေနဲ့ အခါအခွင့်သင့်တဲ့ အခါခရီးသွားရပါတယ်။ ကျွန်တော်က ခရီးသွားရတာလည်း သဘောကျပါတယ်။ ခရီးသွားမှတ်တမ်းလေးအနေနဲ့ ကျွန်တော်ဒီစာလေးတွေကို ၀ါသနာအရ ရေးပါတယ်။

MAI, Silk Air, China Eastern နဲ့ အခြားလေယာဉ်များပေါ်တွင် အစားအစာများ ကျွေးသော်လည်း Air Asia ပေါ်မှာတော့ Sky Shop ရှိသလို အစားအစာများကိုလည်း ၀ယ်စားရပါတယ်။ လေယာဉ်ခမှာ သက်သာသော်လည်း အစားအစာမကျွေးပါ။ KL ကိုညနေပိုင်းမှာပဲ ထွက်လေ့ရှိသလို ပြန်လာပါကလည်း ညနေပိုင်းမှာပဲ ပြန်ရောက်ပါတယ်။ KL နဲ့ YGN မှာ တစ်နာရီခွဲ ကွာပါတယ်။ ကျွန်တော် စင်ကာပူကို ပထမအကြိမ်သွားတုန်းကလို အချိန် မလွဲတော့ပါ။ ဟော်တယ်ကို Taxi ငှားသွားခဲ့ပါတယ်။ ည ၁၁း၃၀ နာရီရောက်ရမှာကို ရန်ကုန်ကအထွက်နောက်ကျတဲ့အတွက် ည ၁၂း၀၀ နာရီကျော်မှ ရောက်ပါတယ်။ ငှားခက သန်းခေါ်ကျော်တော့ ပိုပေးရပါတယ်။ ဟိုတယ်ရောက်တော့ KL ၁း၃၀ နာရီရှိနေပါပြီ။ TV ဖွင့်လိုက်တော့ Good Morning ' ------' လို့ ကျွန်တော့်နာမည်နဲ့ တွေ့နေရပါပြီ။ နေ့လည်ဖြစ်ဖြစ် ညနေဖြစ်ဖြစ် ပြောင်းပြောင်းပြီးပေါ်နေပါတယ်။ အဲဒီ TV က အင်တာနက်ပါသုံးလို့ရပါတယ်။ ဂိမ်းတို့ အခြား Function တော်တော်များများလည်း ပါတဲ့အတွက် အတော်သဘောကျပါတယ်။ 5 Star ဟိုတယ်မှာ ပထမဆုံးအကြိမ်တည်းခိုဖူးတာပါ။ တရုတ်ပြည်သွားတုန်းက 4 Star ပဲရှိတဲ့ ဟိုတယ်မှာပဲ တည်းခဲ့တာပါ။ ကုမ္ပဏီက ကျခံတဲ့ စရိတ်အပေါ်မူတည်ပြီး တည်းခိုရတာပါ။ ကျွန်တော်လို တောသားတစ်ယောက်က အတော်လေး နေသားတကျဖြစ်အောင်တော့ ကြိုးစားရပါတယ်။ မြန်မာဆိုပြီး အထင်မသေးအောင် ဂရုစိုက်နေထိုင်ပါတယ်။ လေယာဉ်ပေါ်မှာ ရွှေမြန်မာတွေကို အများဆုံးတွေ့ပါတယ်။ ပြည်ပခရီးမထွက်မီ ဆရာဦးခင်မောင်ဝင်းရေးတဲ့ နိုင်ငံခြားခရီးသွားအတွေ့အကြုံစာအုပ်ကလေးကို ၀ယ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီအတွက် ဘယ်လိုတွေကြုံတွေ့ရမယ်။ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာလေးတွေ ပြင်ဆင်ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်မသွားမှီ ဘယ်လိုပြင်ဆင်ခဲ့တယ်။ ညစာစားပွဲမှာ ဘာတွေပြောသင့်တယ်ဆိုတာတွေကို ကြိုတင်ပြင်ဆင်ခဲ့တဲ့ အကြောင်း ဗိုလ်ချုပ်အကြောင်းရေးတဲ့ ဆောင်းပါးမှာ ဖတ်ခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်ဟာ အားကျအတုယူစရာ လေးစားအားကျစရာ စံပြခေါင်းဆောင်ပါပဲ။
အာစီယံကလာတဲ့ သူငယ်ချင်းတွေနဲ့ KL မှာလျှောက်လည်ဖြစ်တယ်။ မလေးရှားနိုင်ငံသားက ဦးဆောင်ပြီး ထိုင်း ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီယား ကသူငယ်ချင်းတွေနဲ့ Twin Tower ၊ China Town ၊ Central Market တို့ကို ရထား LRT နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ မလေးနဲ့ အင်ဒိုသူငယ်ချင်းနှစ်ဦးမှာ မွတ်စလင်ဖြစ်တာကြောင့် ညနေပိုင်းမှာ ၀တ်ပြုဖို့ ပျောက်ပျောက်သွားတတ်ပါတယ်။ ညစာစားဖို့ ရွေးသောအခါ KFC နဲ့ McDonal's ဆိုင်ကိုပဲ ရွေးပါတယ်။ တရုတ်ဆိုင်တွေမှာ မစားပါ။ တစ်ညနေတော့ ဘာလီကလာဖွင့်တဲ့ အင်ဒိုဆိုင်မှာ စားကြပါတယ်။
ဟိုတယ်က ပန်းချီကားတွေကို သဘောကျမိတယ်။
ရထားကို KL မှာလည်း အသုံးများပါတယ်။ ရထားကို Shenzhen မှာက Subway Metro လို့ ခေါ်ပြီး၊ စင်ကာပူမှာက MRT ၊ KL မှာတော့ LRT လို့ တစ်မြို့ကို တမျိုးခေါ်သော်လည်း ရထားပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ရထားကို ကောင်းကောင်းအသုံးချနိုင်ရင်ကောင်းမှာပါ။ အထူးသဖြင့် ရန်ကုန်မှာ Bus ကားကြပ်တဲ့ ကိစ္စကို ရထားနဲ့ အစားထိုးဖြေရှင်းနိုင်ရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။
ကျွန်တော်တို့ လူငယ်တွေပဲ တွေ့ကြတာမို့ ပိုမိုရင်းနှီးလွယ်သလို အတွေ့အကြုံတွေကိုလည်း ဖလှယ်နိုင်ပါတယ်။ ပြန်ခါနီးတော့ အင်ဒိုသူငယ်ချင်းနှစ်ယောက်က သူတို့နိုင်ငံက ပိုက်ဆံကို အမှတ်တရပေးပါတယ်။ ကျွန်တော်ကလည်း ပြန်ပေးပါတယ်။ သူတို့က သူတို့ ဟီးရိုးခေါင်းပုံနဲ့ ပေးတဲ့အခါ ကျွန်တော်က ခြင်္သေ့ခေါင်းပုံနဲ့ ပေးပါတယ်။ ကျွန်တော်တို့ ဟီးရိုးစံပြခေါင်ဆောင်ပုံကို ကျွန်တော်တို့ ငွေကြေးပေါ်မှာ ပြန်မြင်တွေ့လိုပါတယ်။ ဒါမှ အဲဒါကလည်း ငါတို့ ဟီးရိုးကွလို့ ပြောလို့ရမှာပေါ့။ ငုရင်ဗန်ထွိုင်းလို ကျွန်တော်တို့မှာလည်း ဟီးရိုးရှိခဲ့ဖူးပါတယ်။               ။

မိုးပျံငှက်





Friday, May 6, 2011

ရန်ကုန်ဆိပ်ကမ်း ကူးတို့ အလှ

ဒလ - ရန်ကုန် ကူးနေတဲ့ ကူးတို့စက်လှေများ

မိုးပျံငှက်

ကျွန်တော် လွမ်းနေတဲ့ အခန်းလေး

ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက အပြင်အဆောင်မှာ ငှား နေရပါတယ်။
ကျွန်တော် နေခဲ့တဲ့ အဆောင်တွေထဲမှာ သဘောအကျဆုံးအခန်းက လှည်းတန်း
မြဇေယျာလမ်းမှာရှိတဲ့ နှစ်ထပ်အိမ်လေးပါ။ နယ်ပေါင်းစုံက လာကြပေမယ့်
ကိုယ်နဲ့ ခင်မင်တဲ့ သူတွေနဲ့ ပိုတွဲဖြစ်ကြတာပါ။ ကျွန်တော်တို့
ယောကျာ်လေးတွေချည်းနေတာဆိုတော့ အလွတ်လပ်ဆုံးပါပဲ။ လူလည်းတော်တော်စုံတယ်။
ကဗျာဆရာ ၊ ပန်းချီဆရာတွေလည်းရှိတယ်။ ပန်းချီဆွဲတဲ့
ကိုဇေယျာလင်း လက်ဆောင်ပေးခဲ့တဲ့ ကိုလှိုင်ဘွားပန်းချီကားလေးကို အခန်းကျင်းလေးထဲမှာ ချိတ်ထားခဲ့ပါတယ်။
အခုတော့ ပန်းချီကား မရှိတဲ့ အခန်းမှာ ကျွန်တော် မနေချင်ပါဘူး။

ကျောင်းက သူငယ်ချင်းတွေက တက္ကသိုလ်မိန်းထဲမှာလည်း နေကြတော့ သူတို့ဆီလည်း
ရောက်သွားဖြစ်တယ်။ လှည်းတန်းက မွန်သစ်ကဖေးတို့ ကုန်တိုက်နောက်က
ကဖေးဆိုင်တွေမှာ ထိုင်လေပန်းခဲ့ကြတယ်။ ဇော်ကြီးက နှာဘူးကုန်းလို့လည်း ပေးခဲ့တယ်။ သူငယ်ချင်းအများစု
စုံပြီးလေကန်ခဲ့ကြသလို တောသားတွေ ပထမဆုံးတက္ကသိုလ်မြေမှာ ခြေချခဲ့တဲ့
မြေဟာ လှည်းတန်းပါပဲ။ အခုအချိန်မှာ သူငယ်ချင်းတွေ မရှိကြတော့တဲ့
လှည်းတန်းကို ရောက်တော့ တချိန်းတုန်ုးက လှည်းတန်းနဲ့
အဆောင်နေကျောင်းသားဘ၀ကို လွမ်းမိသလိုပါပဲ။ ။

မိုးပျံငှက်