Thursday, September 22, 2011

သီပေါ ၊ လာရှိုးသို့ ခရီးတစ်ခေါက်









ပြင်ဦးလွင်ထိ ခရီး နှစ်ခေါက်ရောက်ခဲ့သော်လည်း မူဆယ်ဘက်ဆက်မရောက်ဖြစ်ခဲ့။
အခု တစ်ချိန်မှာတော့ သီပေါ မြို့သို့ ရောက်ခဲ့ရပါပြီ။ ဂုတ်တွင်းမှာ
ကားပျက် ပိတ်မိနေလို့ မိုးလင်းပေါက် စောင့်ရတာနဲ့ ကြုံခဲ့တယ်။ ရထားအတွက်က
ဂုတ်ထိတ်တံတားကို လှမ်းမြင်ရတယ်။ သီပေါမှာ အလုပ်ကိစ္စတွေပြီးတော့
အချိန်ရသေးတာနဲ့ လားရှိုးထိတက်ခဲ့တယ်။ သီပေါ ၊ လားရှိုး ခရီးစဉ်ကနေ
ရန်ကုန်ပြန်ရောက်တော့ ဒီပုံလေးတွေပဲ တင်ဖြစ်လိုက်ပါတယ်။

မိုးပျံငှက်
ခရီးသွား မှတ်တမ်း

သီပေါ ၊ လာရှိုးသို့ ခရီးတစ်ခေါက်









ပြင်ဦးလွင်ထိ ခရီး နှစ်ခေါက်ရောက်ခဲ့သော်လည်း မူဆယ်ဘက်ဆက်မရောက်ဖြစ်ခဲ့။
အခု တစ်ချိန်မှာတော့ သီပေါ မြို့သို့ ရောက်ခဲ့ရပါပြီ။ ဂုတ်တွင်းမှာ
ကားပျက် ပိတ်မိနေလို့ မိုးလင်းပေါက် စောင့်ရတာနဲ့ ကြုံခဲ့တယ်။ ရထားအတွက်က
ဂုတ်ထိတ်တံတားကို လှမ်းမြင်ရတယ်။ သီပေါမှာ အလုပ်ကိစ္စတွေပြီးတော့
အချိန်ရသေးတာနဲ့ လားရှိုးထိတက်ခဲ့တယ်။ သီပေါ ၊ လားရှိုး ခရီးစဉ်ကနေ
ရန်ကုန်ပြန်ရောက်တော့ ဒီပုံလေးတွေပဲ တင်ဖြစ်လိုက်ပါတယ်။

မိုးပျံငှက်
ခရီးသွား မှတ်တမ်း

Wednesday, August 24, 2011

ပြည် ၊ ပေါက်ခေါင်း ခရီးစဉ် ၊ ၂၀၁၁




ပြေးပြေးလွှားလွှားနဲ့ ဘလော့ကို တင်လိုက်ရပါတယ်။ ဗိုလ်ချုပ်ကျောက်ရုပ်တွေရှိတဲ့ မြို့တွေဆိုတော့ အမှတ်တရ ပုံလေးတွေပဲ တင်လိုက်ပါတယ်။

မိုးပျံငှက်

Sunday, August 21, 2011

ပြင်ဦးလွင်မြို့တော်သို့ ဒုတိယအကြိမ်ခရီး














ပန်းမြို့တော်သို့ အလုပ်ကိစ္စနှင့် ဒုတိယအကြိမ်ရောက်ရပြန်ပါတယ်။ Pyin Oo Lwin DR Installation နဲ့ Onsite Training အတွက်ဖြစ်ပါတယ်။ မြန်မာတပြည်လုံးတွင် လက်ရှိ Computed Radiography ( CR ) နှစ်မျိုးရှိပြီး Direct Digital Radiography ( DR ) နှစ်မျိုးလက်ရှိ အသုံးပြုနေပါပြီ။ DR အနေဖြင့် Wireless Carestream FPD နှင့် Canon Wire FPD အမျိုးအစားများ ဖြစ်ပါတယ်။ CR မှာ Kodak , Konica , AGFA , Fuji စတဲ့ အမျိုးအစားများ နောင်လာမယ့် နှစ်အနည်းငယ်တွင် ပိုမိုများပြားလာဖွယ်ရှိပါတယ်။

နောက်တစ်ပတ်မှာတော့ ပြည် ၊ ပေါက်ခေါင်းမြို့တွေကို ခရီးထွက်ရပါဦးမယ်။

မိုးပျံငှက်

ခရီးသွား မှတ်တမ်း

Sunday, June 19, 2011

လှည်းတန်းက လ၀န်းသစ်


ဒီနေ့ မနက် မိုးတွေ အုံ့ဆိုင်းနေပြီး ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်
မြို့ပြရှုခင်းကို သတိထားကြည့်မိတယ်။ ဂျက်ဆင်ကို မှုန်ပြပြလှမ်းမြင်ရတယ်။
မိုးလင်းတာနဲ့ ကျီးကန်းအော်သံ ၊ ကားဟွန်းသံ ၊ မြစ်ကမ်းဘက်စက်ရုံက
ဥသြဆွဲသံ တွေနဲ့ လှည်းတန်းက နိုးထလာပါတယ်။ အလုပ်နဲ့နီးတာမို့
ဇေယာသီရိလမ်းက အဆောင်ကို ပြောင်းလာဖြစ်တယ်။ ကျောင်းသားဘ၀က ဗဟိုလမ်းပေါ်မှာ
နေခဲ့ဖူးတယ်။ အင်းလျားကန်ဘက်ကို မနက်စောစောထ ပြေးကြပြီး မနက်ခင်း
လေပြည်လေညှင်း နုနုလေးကို တ၀ရှုသွင်းခဲ့ကြတယ်။ အခု တစ်ကြိမ်လှည်းတန်းကို
ပြန်လာနေဖြစ်တော့ တွဲနေကြ သူငယ်ချင်းတွေ မရှိကြတော့။ ဦးထွန်းလင်းခြံလမ်း
၊ ဇေယျာသီရိလမ်းတွေမှာ တိုက်အမြင့်ကြီးတွေနဲ့ အပြောင်းအလဲမြန်တယ်။
ကျွန်တော်တို့ ရန်ကုန်ရောက်စ လှည်းတန်းနဲ့ အတော်ကွာသွားပါပြီ။
ဂိုးရှိုးစတိုး နဲ့ မန္တလေးဖိနပ်ဆိုင် မရှိတော့ ။ လှည်းတန်းစင်တာဖွင့်ပါက
လှည်းတန်းဟာ အချိုးအကွေ့တစ်ခုကို ဖြတ်သွားပါလိမ့်မယ်။ လော်လော်ဆယ်တွင်
ပြည်မြန်မာ ကုန်တိုက်ဝင်းကို ပိတ်ထားပြီး ရှေ့ဆက်ဘယ်လို
တွေပြုပြင်ပြောင်းလဲဦးမယ်ဆိုတာ မသိပါ။ မီးပွိုင့်ကို ခောတ်မီ
နှစ်ထပ်လမ်းမကြီးများ ၊ ဂုံးကျော်တံတားများ ဆောက်လုပ်ပေးပါက
မီးပွိုင့်မှာ အချိန်ကုန်သက်သာ လမ်းကူးသူများ အန္တရာယ်ကင်းမယ်လို့
တွေးမိပါတယ်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်တချို့ မရှိတော့။ ညနေ ၆
နာရီလောက်တွင် ငါးကင်ညှော်နံ့နဲ့ အတူ လူတွေက လမ်းပေါ်ထွက်ကျလာတယ်။
ပါရာဒိုင်း ရွေ့သွားသလို သူငယ်ချင်းတွေ ရွေ့သွားခဲ့ကြ။ အတိတ်က
နာကြင်ခဲ့သော ဝေဒနာများ သက်သာလို့ သက်သာငြား Mr Guitar မှာ
ကယ်ရီကေချားအဆွဲခံကာ အခန်းကျန်းထဲမှာ ချိတ်ဆွဲထားပါမယ်။ နောက် 64 မှာ
ဘီယာသောက်ပြီး ရယ်မော နှစ်ခြိုက်စွာ အိပ်စက်ပါဦးမယ်။          ။

မိုးပျံငှက်

Friday, May 6, 2011

ကျွန်တော် လွမ်းနေတဲ့ အခန်းလေး


ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက အပြင်အဆောင်မှာ ငှား နေရပါတယ်။
ကျွန်တော် နေခဲ့တဲ့ အဆောင်တွေထဲမှာ သဘောအကျဆုံးအခန်းက လှည်းတန်း
မြဇေယျာလမ်းမှာရှိတဲ့ နှစ်ထပ်အိမ်လေးပါ။ နယ်ပေါင်းစုံက လာကြပေမယ့်
ကိုယ်နဲ့ ခင်မင်တဲ့ သူတွေနဲ့ ပိုတွဲဖြစ်ကြတာပါ။ ကျွန်တော်တို့
ယောကျာ်လေးတွေချည်းနေတာဆိုတော့ အလွတ်လပ်ဆုံးပါပဲ။ လူလည်းတော်တော်စုံတယ်။
ကဗျာဆရာ ၊ ပန်းချီဆရာတွေလည်းရှိတယ်။ ပန်းချီဆွဲတဲ့
ကိုဇေယျာလင်း လက်ဆောင်ပေးခဲ့တဲ့ ကိုလှိုင်ဘွားပန်းချီကားလေးကို အခန်းကျင်းလေးထဲမှာ ချိတ်ထားခဲ့ပါတယ်။
အခုတော့ ပန်းချီကား မရှိတဲ့ အခန်းမှာ ကျွန်တော် မနေချင်ပါဘူး။
ကျောင်းက သူငယ်ချင်းတွေက တက္ကသိုလ်မိန်းထဲမှာလည်း နေကြတော့ သူတို့ဆီလည်း
ရောက်သွားဖြစ်တယ်။ လှည်းတန်းက မွန်သစ်ကဖေးတို့ ကုန်တိုက်နောက်က
ကဖေးဆိုင်တွေမှာ ထိုင်လေပန်းခဲ့ကြတယ်။ ဇော်ကြီးက နှာဘူးကုန်းလို့လည်း ပေးခဲ့တယ်။ သူငယ်ချင်းအများစု
စုံပြီးလေကန်ခဲ့ကြသလို တောသားတွေ ပထမဆုံးတက္ကသိုလ်မြေမှာ ခြေချခဲ့တဲ့
မြေဟာ လှည်းတန်းပါပဲ။ အခုအချိန်မှာ သူငယ်ချင်းတွေ မရှိကြတော့တဲ့
လှည်းတန်းကို ရောက်တော့ တချိန်းတုန်ုးက လှည်းတန်းနဲ့
အဆောင်နေကျောင်းသားဘ၀ကို လွမ်းမိသလိုပါပဲ။ ။

မိုးပျံငှက်

Sunday, March 20, 2011

ဘ၀ကို မြတ်နိုးသူတိုင်း ရုပ်ရှင်ကြည့်ကြသည်

ပါရီ ခရီးသည် စာအုပ်ကို ဖတ်ပြီး ဒီခေါင်းစဉ်လေး ပေးလိုက်တာပါ။ ပန်းချီကို ၀ါသနာပါတာကတစ်ကြောင်း ခရီးသွားမှတ်တမ်းတွေဖတ်ချင်နေတာကတစ်ကြောင်းကြောင့် ဖတ်ဖြစ်လိုက်တယ်။ စာရေးဆရာက ပန်းချီးဆရာ ၀င်းပ။ ကျွန်တော် မမွေးခင်ကတည်းက ပါရီ မီထရို (မြေအောက်ရထား ) နဲ့ မြို့ထဲက ပြတိုက်ကြီးတွေ အကြောင်း သိရတယ်။ စင်ကာပူမှာတော့ မန်အာတီ ရထားစီးပြီး သွားလာကြတယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည်ဖြစ်လာရင် ရထားက ပိုအားကိုးရတယ် ထင်တယ်။ ကျွန်တော်တို့ဆီက ရထားတွေမှာ ရိုးရိုးတန်း အထူးတန်းဆိုတာတွေ မရှိသင့်တော့ဘူးလို့ ထင်တယ်။ ကျွန်တော်တို့လည်း ရထားကို အားကိုးသင့်ပြီ။ ရန်ကုန်မြို့ပတ်ရထားခက တစ်ဆယ် နှစ်ဆယ်ပဲ ယူမယ့်အစား များများယူ ကောင်းအောင်လုပ်ပေးရင် ကောင်းမှာပဲလို့ တွေးမိသဗျ။ 

ပါရီက ရုပ်ရှင်ရုံတွေမှာ ဘ၀ကို မြတ်နိုးသူတိုင်း ရုပ်ရှင်ကြည့်ကြသည်ဆိုပြီး ရေးထားတယ်တဲ့။ ကျွန်တော်လည်း ဒီရုံးပိတ်ရက် ရုပ်ရှင်သွားကြည့်မယ် စိတ်ကူးလိုက်တယ်။ ဘ၀မှာ မကျေနပ်ချက် ခံစားချက်တွေကို ခဏမေ့ပြီး ဖြစ်တည် နေတဲ့ ဘ၀ကို မြတ်နိုးရမှာပဲ။ နေ့လည်ဖက် တော်ဝင်စင်တာ ကိုထွက်ခဲ့တယ်။ မြို့ထဲက ရုံတွေက ပြည်ပကားတွေတင်နေတယ်။ အဲဒီမှာက ကြည့်ဖူးတယ်။ မြန်မာကားပဲ ကြည့်ချင်တယ်။ တော်ဝင်စင်တာကို မရောက်ဖူးသေးတာနဲ့ အဲဒီကိုရောက်ခဲ့တယ်။ ကျွန်တော်က ရုပ်ရှင်ကြည့်ရင် တစ်ယောက်တည်းသွားတာများတယ်။ ကိုယ်ကြည့်ချင်တဲ့ကားကို ဘယ်သူမှ အားမနာပဲ ကြည့်လို့ရတယ်။ သူငယ်ချင်းပါရင် ဖြစ်ဖြစ် ကောင်မလေးတွေပါရင်ဖြစ်ဖြစ် သူတို့အားနာပြီး ကိုယ်မကြိုက်တဲ့ ကားကို ၀င်ကြည့်လိုက်ရတာမျိုး မကြုံတော့ဘူးပေါ့။ တောင်ဝင်စင်တာက အခုနောက်ပိုင်း ရန်ကုန်မှာ အကောင်းဆုံးနောက်ဆုံးပေါ် စင်တာ။ မော်တင် စင်တာထက်ကျယ်တယ်။ ဒီဗီဒီ ရုပ်ရှင်ရုံ သုံးရုံပါတယ်။ စင်ကာပူက Ang Mo Kio Hub လို Funan လိုပါပဲ။ ဒီဗီဒီရုံကတော့ အသံပိုင်းရော ရုပ်ပိုင်းရော မမီသေးဘူးဗျာ။ လူ ၁၀၅ ယောက်ဆန့်တဲ့ ရုပ်ရှင်ရုံအသေးစားလေး ပါပဲ။ '' ဒိုင်စားတယ် '' ဆိုတဲ့ ဟာသကားပဲ ကြည့်လိုက်ပါတယ်။ အကယ်ဒမီရတဲ့ ကားတစ်ချို့ကလွဲရင် အခုနောက်ပိုင်း ပေါတောတော ဟာသကားတွေပဲ များတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျော်သူ ၊ စိုးသူ ၊ညွှန့်ဝင်း  ၊ ကျော်ဟိန်း တို့ကားတွေ ဘုရားပွဲမှာ ညလုံးပေါက်မိုးလင်း ကြည့်ရတဲ့ ကားတွေလောက် ရင်ထဲတယ် မငြိလှဘူး။ စိုးသူနဲ့ ကျော်သူ သရုပ်ဆောင်တဲ့ '' ဒိုးနဲ့ မျိုး " ၊ ကျော်သူ နဲ့ မို့မို့မြင့်အောင် ငပလီမှာရိုက်တဲ့ကား ၊ ညွန့်ဝင်း ရွှေချည်ငွေချည်တန်းပါလို့ ၊ ကျော်ဟိန်း ရဲ့ ပန်းမြိုင်လည်က ဥယျာဉ်မှူး စတဲ့ကားတွေပါပဲ။ နွေရာသီ ဘုရားပွဲရှိရင် ပိတ်ကားကြီးတွေနဲ့ ကြည့်ခဲ့ရတာ ပြန်အမှတ်ရမိတယ်။ ဒစ်ဂျစ်တယ်ခောတ်မှာတော့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခု ကျွန်တော်တို့ ပိုတိုးတက်လာပေမယ့် ရသပိုင်းမှာ အားနည်းသွားသလားလို့တော့ အောက်မေ့မိတယ်။ ကဗျာမှာ စကားပြေကဗျာ ၊ မော်ဒန်ချတယ်။ ပန်းချီ ၀ါဒအမျိုးမျိုး နဲ့ လိုက်ချဲတယ်။ အောင်မြင်တယ်။ လက်ခံလာကြတယ်။ မော်ဒန် ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်လို့မရဘူးလား။ တာရာမင်းဝေ ၀တ္ထုတွေ ရုပ်ရှင်ရိုက်ဖို့ကြိုးစားတဲ့ ဒါရိုတ်တာ မရှိဘူးလား။  ကျွန်တော် လျှောက်တွေးကြည့်မိပါတယ်။ ရုပ်ရှင်မှာတော့ ကိုရီးယားကားနဲ့ ပြည်ပကားတွေပဲ နောက်တစ်ခါ ကြည့်ချင်တော့တယ်။          ။ 

မိုးပျံငှက်

Thursday, March 10, 2011

ဒီနေ့ နွေခေါင်ခေါင် ရန်ကုန်မှာ မိုးရွာတယ်

ဒီနေ့ ရန်ကုန်မှာ မိုးရွာတယ် ....လှည်းတန်းလမ်းမကြီးကို လျှောက်နေရင်း ရင်ထဲအောင့်လာတယ်... သက်ရှိသက်မဲ့ အရာအားလုံးကို ကျွန်တော် ခဏမေ့ထားချင်ပါတယ် ...
မိုးတွေရွာတဲ့အခါ .... ခဏတော့ ကမ္ဘာကြီး ငြိမ်းချမ်းသွားပါမယ်....
ကျွန်တော်တို့ ဘာအကြောင်းကြောင်းကြောင့်မှ နားလည်မှုလွဲချော် မနေချင်ပါ .....
အဲဒီလိုပဲ ကျွန်တော် မျော်လင့်မိပါတယ် .....အကယ်လို့သာ လွဲချော်နေခဲ့ရင် ......
မိုးပျံငှက်

Sunday, February 6, 2011

ရန်ကုန် နှင့် ရခိုင် ဘောလုံးပွဲ

တနင်္ဂနွေနေ့ ရုံးပိတ်လို့ ညနေပိုင်းမှာ ဘောလုံးပွဲသွားကြည့်ဖြစ်တယ်။ သုဝဏကွင်းဆိုတော့ နေတဲ့အိမ်နဲ့လည်းနီးတယ်။ ရန်ကုန်သား ညီဝမ်းကွဲက ခေါ်တာကြောင့် ကွင်းထဲကိုရောက်ခဲ့တယ်။
ရန်ကုန်သားလည်းမဟုတ်ပါဘဲ ရန်ကုန်ဝင်ပေါက်ကနေ လက်မှတ်ဝယ်ဝင်ခဲ့တော့ ရခိုင်ပရိတ်သတ်ကို အားနာသလိုလိုပါပဲ။ ရန်ကုန်ပရိတ်သတ်က နှစ်ဆနီးပါးရှိတယ်။ ရန်ကုန်နိုင်မယ်ဆိုတာ လာကတည်းက ခန်းမှန်းထားပြီးသား။ မိမိမှာ ဧရာဝတီသား။ Delta United ကိုပဲ အားပေးချင်တာပါ။ ပွဲစကတည်းက တစ်ဖက်သတ်နီးပါး ရန်ကုန်က သာနေတာပဲ။ ပထမပိုင်းမှာ ကတည်းက ဂိုးရဖို့ အခွင့်အရေးတွေရခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှ ၂ ဂိုးသွင်းနိုင်တယ်။ ရခိုင်အသင်းက ပိတ်ဆို့ကာကွယ်ရင်း တခါတခါမှ တိုက်စစ်ရတာပါ။ လူမည်း တစ်ဖက်နှစ်ကောင်စီပါတယ်။ အဓိကရှေ့တန်း တိုက်စစ်တွေမှာပါ။ သူတို့တွေချည်း အားကိုးမနေသင့်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ကောင်တွေကိုလည်း အဓိကနေရာတွေမှာထား အလှည့်ပေးသင့်တယ်။ ဒါမှ ကိုယ့်ကောင်တွေ ခြေစွမ်းပြခွင့်ရမှာလို့ ထင်တယ်။ သုဝဏကွင်းကို အဆင့်မြှင့် ပြင်ဆင်ဖို့ အစီအစဉ်ရှိပြီးသား။ အထူးတန်း နဲ့ ရိုးရိုးတန်းလို့ မခွဲခြားသင့်တော့ဘူး။ နောက် ပရိတ်သတ်က တညီတညွတ်ထဲ ဆဲရအောင်မြန်း ဒီကွင်းထဲ ရောက်လာကြသလား ထင်ရတယ်။ ဆေးလိပ်ငွေ့တွေ ရှုနေရတာလည်း မမိုက်ဘူး။ ဆေးလိပ်မသောက်ရလို့ တားမြစ်သင့်တယ်။ မိန်းကလေးတွေ ပါလာတာ သူတို့တွေက ဆေးလိပ်ငွေ့တွေ ရှုနေရတာကို ဘယ်မှာ အားကစားသမားကောင်းကလေးတွေ မွေးထုတ်ပေးနိုင်မှာလဲ။ ဘေားလုံးပွဲ ထဲဈာန်ဝင်နေတုန်း ဆေးလိပ် ၊ ကွမ်းယာ ၊ နေကြာစေ့ရမယ်ဆိုတဲ့ အော်သံတွေက နားထဲ စူးနေတာပဲ။ ကိုယ်ကထိုင်နေရင် ကျော်ခွသွားလိုက်သေးတယ်။ သူတို့တွေကိုလည်း အပြင်မှာပဲ ဈေးရောင်းဖို့ ခွင့်ပြုသင့်တယ်။ နားချိန်မှာ ထွက်ဝယ်ပြီး စည်းကမ်းရှိရှိ စားကြပေါ့။ ပွဲပြီးလို့ကတော့ အမှိုက်တွေက ပွရောင်းကျန်ခဲ့တာမျိုးကလည်း မကောင်းပါဘူး။
ကဲဗျာ ဘောလုံးပွဲ လာကြည့်တာ တရားထိုင်ဖို့လာတာမှမဟုတ်တာ။ ဘက်က နှစ်ဖက်ပဲရှိတယ်။ အနိုင် ၊ အရှုံး သရေပွဲက ကြည့်မကောင်းဘူးထင်တယ်ဗျာ။ ပွဲက ၂း ၀ ဂိုးနဲ့ ရန်ကုန်ကနိုင်တယ်။
ကျွန်တော်တို့ အားလုံး အလုပ်ထဲမှာလည်း ဘောလုံးကန်နေသလိုပါပဲ။ သူ့အလှည့်ပြီးရင်တော့ ကိုယ်ကန်ဖို့အလှည့်ပဲ။ ဘောလုံးကြီး ကိုယ့်ဆီရောက်လာရင်တော့ ........................။
မိုးပျံငှက်

Saturday, January 15, 2011

ခောတ်ဟောင်းထဲက လူ


ဘ၀ရဲ့ မအောင်မြင်မှုအပေါ်
တစ်ဖက်သတ် ချစ်ခြင်းမေတ္တာပေါ်
ခြေကုန်လက်ပမ်းကျနေတဲ့ ချောတိုင်တက်သူ အနေနဲ့
ငါ မင်းကို အရှုံးပေးခဲ့တယ်....

ဖြစ်တည်မှု သက်တမ်းအတွင်း
သူတို့က ဘာအရောင်ဆိုးလို့  ငါက ဘာအရောင်ဆိုးခဲ့ သလဲ
ငါက ဘာအရောင်ခြယ်လို့ သူတို့က ဘာအရောင်ခြယ်ခဲ့ သလဲ
အဆိပ်မရှိတဲ့ မြွေတစ်ကောင်လား အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လား
အအေးရောင် ၊ အပူရောင် ၊ နွေးထွေးတဲ့ အရောင်
ဆန့်ကျင်ဘက် အရောင်တွေကြောင့် ပြည့်စုံသွားတဲ့ ပန်းချီကားတစ်ချပ်လို
အမှန်တရားဟာ တစ်ခုမက ရှိလေတော့
ဒီကာလအတွင်း မိုးခါးရေကလည်း
ရေသန့်ဗူးယောင် ဆောင်လာတယ်......

ခောတ်ဟောင်းသီချင်းတွေ နားထောင်ရင်း
မင်းကို သတိတရ အလွမ်းတွေ ရွှေချပြီး
သက္ကရာဇ်အလိုက် သိမ်းထားလိုက်တယ် ...........


မိုးပျံငှက်