Tuesday, August 6, 2019

ရင်းနှီးပြီးသား အလွှဲများ


ရုပ်ရှင်အနှေးပြကွက်လို
မပေါက်တဲ့ ထီလက်မှတ်ဟောင်းလို
ပေါ့ကျ တစ်ခွက်လို
မဆုံးတဲ့ လမ်းမကြီးလို
တိမ်တိုက်အိမ်မက်တွေလို
………………….
…………………………
ဖွင့်မပြောတော့ပါဘူးလေ
ကိုယ်အရာရာ အဆင်ပြေပါတယ် ၊၊       ၊၊

မိုးငှက်