Wednesday, November 17, 2010

ဒုတိယအကြိမ်ရောက် ပျဉ်းမနားမြို့






ဒီတစ်ပတ်တော့ အလုပ်ကိစ္စနဲ့ ပျဉ်းမနားကို ဒုတိယအကြိမ် ရောက်ခဲ့တယ်။ အရင်တစ်ခေါက်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တံဆိတ်တုံးထုရုံတင်ဆိုတော့ သူငယ်ချင်း လွှမ်းကြီးနဲ့ နေ့ချင်းပြန် သွားခဲ့တယ်။ ဒီတစ်ခေါက်မှာ ဟိုတယ်တွေ Royal Naypyitaw Hotel ၊ Mount Pleasant Hotel ၊ စူပါမားကက်တွေ ( Junction Center )  ၊ ဆေးရုံတွေဖွင့်ထားပြီး လမ်းများ ၊ မီးများကောင်းလွန်းသော်လည်း လူဦးရေမှာ ရန်ကုန်လောက် မထူထပ်သေး။ ပျဉ်းမနားမြို့ ငါးလိုက်ချောင်းမှ တူးမြောင်းတူးပြီး စစ်တောင်းမြစ်နဲ့ ရေလမ်းခရီးသွားလာရအောင် အစီအစဉ်ရှိတယ်လို့ ဒေသခံတွေထံက ကြားရတယ်။ ၀န်ကြီးဌာနများ အားလုံးက နေပြည်တော်မှာရှိတာကြောင့် ၀န်ထမ်းများနဲ့ စီးပွားရေးသမားများ အ၀င်အထွက်များတဲ့ အခြေအနေမှာ ရှိသော်လည်း ရန်ကုန်မြို့လိုတော့ နေထိုင်လို့မကောင်းလို့ စိတ်ထဲ ထင်ပါတယ်။ ပျဉ်းမနားမြို့ထွက် မျှစ်ချဉ်နဲ့ နန်းစိန်ကိတ်မုန့် အိမ်အပြန်လက်ဆောင် ၀ယ်ခဲ့တယ်။

မိုးပျံငှက်

No comments:

Post a Comment