Thursday, June 16, 2016

ရှင်သန်ခြင်း #1




ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ ပန်းချီကားလို
ကိုယ့် အနာ ကိုယ်ဆေးပြန်ထည့်သလို
ဘောင်မဲ့ ငါ့ပန်းချီတွေ ဘောင်ထဲ ပြန်ပြန်ရောက်နေတော့
လှေခါးထစ်တွေကို စိတ်နာ။

အပေါစားထိုးချက်တွေနဲ့ ကြိုးဝိုင်းထဲ အနိုင် အရှုံး အချီချီ...
လေးသံမြှားသံတွေကြောင့် အမြင့်ပျံခဲ့ရပေမယ့်
ငါက တစ်ကယ်တော့ ချစ်ခြင်းနဲ့ အလှတရားကိုပဲ
စားသုံးနေထိုင်ခဲ့သူပါ။         ။

မိုးပျံငှက်
April 2016

No comments:

Post a Comment