Saturday, January 28, 2017

အိမ်မက်ထဲကလို ရင်ခုန်နေတုန်း

အိမ်မက်ထဲ မှာ ကဗျာဆရာတစ်ယောက်နဲ့ စကားပြောတယ်။ သူ့ ကဗျာတွေဟာ တစ်ချို့ က နူးညံ့ သိမ်မွေ့နက်ရှိုင်း ၊ တစ်ချို့က ကြမ်းရှ ဘဝထဲက ခံစားရေဖွဲ့တယ်လို့ပြောတယ်။ ကဗျာဆိုတာ ထုတ်ကုန်တစ်ခုလို ထုတ်လုပ်လို့မရဘူး။ ဂန္တဝင်ပဲ ဖြစ်ဖြစ် မော်ဒန်ပဲဖြစ်ဖြစ် ခံစားတတ်ဖို့ သာ အရေးကြီးတဲ့ အကြောင်း Check in တင်လို့မရတဲ့ ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ပြောကြတယ်။

တိမ်တွေပေါ် ပျံ  စင်္ကြာဝဠာထဲ ရောက်သွားချိန်မှာတော့ လေလွင့်နေတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ ထပ်တွေ့ပြန်တယ်။ သူက ခင်ဗျားတို့ ကမ္ဘာက အစ်ဇမ် ism (realism / post realism/ post modernism/ neolism/ ect.,) တွေအားလုံး စွန့်လွှတ်လိုက်ပြီတဲ့။ ခင်ဗျား ဘယ်ကိုသွားမှာလဲ။ ကျွန်တော်ကရော ဘယ်ကို သွားရမလဲ မေးမိတယ်။ ဘယ်အဖြေမှ မရတဲ့ အတွက် ကျွန်တော်ဟာ စမ်းတဝါးဝါးနဲ့ ကမ္ဘာမြေကို ပြန်ရောက်လာတယ်။

အိမ်မက်ထဲက ကဗျာဆရာလို ဘဝ အနု အကြမ်းတွေနောက်လိုက် ရင်ခုန်နေတုန်း။ ပန်းချီဆရာလို ဘယ်အရာကိုမှ မဆုတ်ကိုင်ပဲ ခြေဦးတည့်ရာ လွတ်မြောက်နေချင်တုန်း။     ။

မိုးပျံငှက်
9.10.2016

No comments:

Post a Comment