ကိုယ့်ကိုကိုယ် ပညာရပ်ပိုင်းမှာ သိပ်ဘဝင်မကျ ဖြစ်မိပေမယ့် ရသခံစားတတ်မှု့မှာ ရေချိန် မနိမ့်ဘူးလို့ နားထင်ရောက်တတ်သူပါ။ တစ်နေ့။ သူငယ်ချင်းက "မုဒြာခေါ်သံ" ရုပ်ရှင်ကြည့်ပြီး ပြန်အလာ ကိုယ်က "ဥပါယ်တံမျင်"ကို ပိုကြိုက်ကြောင်း ငြင်းခုံခဲ့ပြီးပြီ။ အားလုံးက ဒါကောင်းတယ်ဆိုတိုင်း အပြောင်းအလဲ တင်ပြပုံ သစ်တိုင်း အောင်မြင်တိုင်း ကိုယ့် နုလုံးသားထဲ စွဲချင်မှ စွဲတာ။ အနုပညာဆိုတာ ပြောရရင် ဓာတ်ခံ အလွမ်း အဆွေး ဘဝဖြတ်သန်းမှု့ ထဲ လေ့လာသိမှတ်ထားမှုနဲ့ ချိန်ဆ အလိုအလျှောက် လက်ခံသွားရတာမျိုး။ လူအများစု ရင်ထဲငြိရင် လူကြိုက်များလာရင် ဒါ ဖန်တီးသူရဲ့ အနုပညာအပေါ် စွဲလမ်းအနှစ်နာခံမှု ဖြတ်သန်းမှုဝမ်းစာပြည့်လာလို့ အောင်မြင်တယ်ဆိုရမှာပေါ့။ တခါတရံ ခံစားမှု feeling / emotion နဲ့ သိမှု့ knowledge / Skills တို့ လွန်ဆွဲနေတတ်တယ်။ စာပေ ဂီတ ရုပ်ရှင် ပန်းချီတို့ကြား နံရံချိတ်ဆက်မှု့ရှိတယ်။ ဘဝထဲ Life/Living အသက်ရှင်ရုန်းကန်နေသမျှ လူတွေတိုင်းမှာ တူညီမှု တစ်ခုခုတော့ အနီးစပ်ဆုံး ရှိကြလိမ့်မယ်ထင်တယ်။ အဲလို ထပ်တူကျသွားတဲ့ အခါမျိုး ခောတ်အခါသမယမျိုး ဖြစ်လို့ပါ။ classic ဝတ္ထုဖတ်လည်း သူ့အရသာနဲ့သူ၊ ခေတ်ပေါ် ခေတ်ပြိုင် contemporary ပန်းချီကားတစ်ချပ် ကဗျာတစ်ပုဒ်ကလည်း သူ့အရသာနဲ့သူပါ။ စားသုံးသူ ခောတ်ကာလအလျှောက် လွှတ်လပ်စွာ ခံစားခွင့်ရှိပါတယ်။
ပြောချင်တာက မနေ့က ပန်းချီပြပွဲ review လေးအကြောင်းကို လက်ဖက်ရည်ဆိုင်ထိုင် ဝါသနာတူအချင်းချင်း ငြင်းခုံသလိုမျိုး။ ကိုယ်ရည်မသွေး ဆရာများမထိခိုက်ပဲ လူပိန်းအမြင်လေးပြောချင်တာပါ။ ဝါရင့်ဆရာ နှစ်ယောက်ကိုပဲ ငြိခဲ့ပါတယ်။ လူငယ်လေးတွေလက်ရာ ကတော့ ဆရာတင်မောင်ဦး နဲ့ ဆရာကြီးမြင့်စောလက်ရာတွေ ဗီယက်နန်ပန်းချီဆရာ လက်ယာတွေလောက် ရင်ထဲမထိခဲ့သလို ဈေးကွက်အရ ဆင်တူနေသလိုရှိတယ်။ ရောင်းရတယ်ဆိုတော့ ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ လူငယ်လေးတွေကိုလည်း အခုထက်ပို သူတို့ဘဝလက်ရာစစ်ရှာဖွေ အောင်မြင်နိုင်ပါစေ။ ကိုယ့်လက်ထဲတော့ ပန်းချီတစ်ကားဖိုးတောင် မတတ်နိုင်ပေမယ့် ရန်ကုန်နဲ့ စင်ကာပူ Gallary တွေလျှောက်ကြည့်ပြီး အခုလို လေကြီးလေကျယ်ဆိုတာ ခွင့်လွှတ်ကြပါ ခင်ဗျာ။ ကျွန်တော်သိပါတယ် တချို့စကားလုံးတွေအတွက် ကိုယ်တိုင်လည်း ငြင်းခုံနေဆဲပါ။ ။
မိုးပျံငှက်
29.05.2018
@ION Art Gallery Singapore
https://www.facebook.com/permalink.php?story_fbid=2042595572621436&id=100006130394978