Friday, July 9, 2010

ဒီတစ်ပတ် လေ့ကျင့်ဖြစ်ခဲ့သော ပုံကြမ်းများ


Acrylic on Cavas  

ဒီပုံက ပီကာဆိုရဲ့ Portrait တစ်ခုကို ကူးယူလေ့ကျင့်ခဲ့တယ်။  dot , line , shape , form တွေ live line , dead line တွေ Tone တွေ Kye တွေကို နားလည်အောင် လေ့လာနေပါတယ်။


ဒီပုံလေးကတော့  ၉ မိုင်က Ocean ကို ရောက်ခဲ့တုန်းက သစ်ခွပင်လေး နှစ်ပင် ၀ယ်လာဖြစ်တယ်။  ဓာတ်ပုံရိုက်ပြီး ရေဆေးနဲ့ ဆွဲကြည့်ထားပါတယ်။
ရေဆေးဆွဲနေရင်း ဆေးတွေပိုနေလို့ ကတ်ထူပေါ်မှာ သုတ်လိုက်မိတယ်။ နေ၀င်ချိန်လား နေထွက်ချိန်လားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ နောက်တစ်ပုံကတော့ တောက အိမ်လေးဖြစ်သွားတယ်။ မော်ဒန်ဖြစ်မှ ဘာမှ မဟုတ်ပါဘူး။ စိတ်ထဲမှာ ခံစားရတာတွေ ရေးနေရရင် ပျော်ပါတယ်။ ။

မိုးပျံငှက်

No comments:

Post a Comment