Monday, June 4, 2018

ဒီပရက်ရှင် ည

ယုံကြည်မှု့က အပူလွန်လာခဲ့ပြီ
သံသယကို အပြတ်ရှင်းဖို့
နားထင်ကို တေ့
အသင့်ပြင်ထားတဲ့ အမှန်တရားက
ကိုယ့်ကိုကိုယ် အဆုံးစီရင် ၊
အပြုံးတု တစ်စိမ်းဆန်နေ့တွေထက်
လွှတ်လပ်ခြင်း ရင်ခွင်ဆီ။

ဘယ်တော့မှ ဒူးမထောက်ခဲ့ဘူး
အသေအချာ ဖွဲ့သီခဲ့ပေမယ့်
မရေမရာတွေနဲ့ ကမ္ဘာအခွံကြီးထက်
မသိခြင်း စင်္ကြာဝဠာက ပိုနေပျော်တယ်
မဟုတ်လား...

မိုးပျံငှက်
01/06/2018
12:54 AM Singapore

No comments:

Post a Comment