တူးမြောင်းမှ စက်လှေဖြင့် ရွာများသို့ ခရီးဆက်ခဲ့ကြသည်။ ရေပုံးများကို လိုအပ်သောအိမ်ထောင်စုများအား အလှူရှင်များ ကိုယ်စားလှူဒါန်းခဲ့ကြသည်။ ရေလှူဒါန်းရန် ရည်ရွယ်ခဲ့ကြသော်လည်း မိုးရွာလာပြီက တစ်ကြောင်း ၊ ရွာဘုန်းကြီးကျောင်းမှ ရေရရှိနေသည်ကတစ်ကြောင်းကြောင့် ရေသိုလှောင်ထားနိုင်ရန် ရေပုံးများကို အလှူရှင်များ ကိုယ်စား လှူဒါန်းခဲ့ကြသည်။ ကျွန်တော်တို့ ရောက်ရှိခဲ့သော ကျေးရွာများမှာ ဝေါမြို့နယ် ရှမ်းစုကျေးရွာ ၊ ကန်မြင့်ကျေးရွာ ၊ မယ်ဇလီကုန်းကျေးရွာတို့ ဖြစ်ကြသည်။
အပြန်လမ်းတွင် ကားပျက်သဖြင့် ပဲခူးအထွက်တွင် ကျွန်တော်တို့ နှစ်နာရီ သုံးနာရီခန့် စောင့်ဆိုင်းနေကြရ၏။ ရန်ကုန်အပြန်နောက်ကျသော်လည်း လူငယ်တွေမို့ အခက်အခဲများကို စိတ်မပျက်ပဲ သီချင်းများဆိုကာပျော်ပျော်ပါးပါး ပြန်ခဲ့ကြသည်။
ဒီခရီးစဉ်လေးသည် ကျွန်တော်အတွက် Searchers-Myanmar အဖွဲ့နှင့် လိုက်ပါခြင်း နောက်ဆုံးဖြစ်တော့သည်။ ကျွန်တော် ကိုယ်ပိုင်တိုးတက်ရေးအတွက် ပြန်လည်ကြိုးစားရပါဦးမည်။
ကျွန်တော်တိမ်တွေမြင်တော့ ပျော်သည်။ ပူပြင်းလှသောနွေက ကျွန်တော်တို့အား အတော်လေးနှိပ်စက်ခဲ့ပြီး ဖြစ်၏။ ယခုအခါမှာတော့ ကျွန်တော်တို့ ရင်ဝယ် အေးမြသော ပီတိတွေနှင့် မမေ့နိုင်သော ခရီးစဉ်လေးဖြစ်ခဲ့ပါတော့သည်။ ။
မိုးပျံငှက်