Wednesday, May 5, 2010

တောင်ကြီး ၊ အင်းလေး ၊ ပင်းတယ ခရီးစဉ်
























          ၂၀၀၃ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ကျောင်းက တစ်နှစ်ခွင့်ယူခဲ့ပါတယ်။ အမေကျန်းမာလာတဲ့အခါ ကျွန်တော် ရွာကနေ ရန်ကုန်ပြန်လာခဲ့ပါတယ်။ အစ်ကို့ အဆောင်မှာနေရင်း အလုပ်ရှာခဲ့တယ်။ ကျောင်းက ပြန်တက်ဖြစ်မတက်ဖြစ်က မသေချာသေးတဲ့ ကာလမှာ ကျွန်တော် မဟာမြကျွန်းသာ ဘော်ဒါ ( MMAC ) မှာ study guide အလုပ်ကို တစ်နှစ်နီးပါ ၀င်လုပ်ခဲ့တယ်။ ဆယ်တန်းစာမေးပွဲပြီးတော့ ကျွန်တော်တို့ကို MMAC က ဒီခရီးစဉ်လေးကို စီစဉ်ပေးခဲ့တာပါ။ ဒီခရီးစဉ်မှာ ဆရာ ၊ ဆရာမတွေ ကျောင်းသူ ၊ ကျောင်းသားတွေ ပျော်ပျော်ပါးပါးသွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။ နေ့လည် တစ်နာရီမှာ ရန်ကုန်ကနေ ထွက်ခွာခဲ့ကြပြီး အောင်ပန်းကို မနက် ၄ နာရီခန့် ရောက်တယ်။ အောင်ပန်း ပျော်ပွဲစားရုံမှာ မျက်နှာသစ် မနက်စာစားကြတယ်။ အနွေးထည်ဝတ်ထားပေမယ့် အတော်အေးတယ်။ နောက် ကလော ၊ အေးသာယာဖြတ်ပြီး တောင်ကြီးဟိုတယ်ကို မနက် ၈ နာရီခန့် ရောက်ပါတယ်။ အခန်းတွေ နေရာချ ခဏနားကြပြီး မြို့ထဲကို ထွက်လည်ကြတယ်။ မြို့မဈေး ၊ မယ်ဆိုင်မီနီမတ် ၊ နောက် ခိုင်သဇင်မှာ နေလည်စာစားကြတယ်။ မွေတော်ကကူကို နေ့လည်ပိုင်း သွားတယ်။ စိန်ပန်းပြာတွေနဲ့ တောင်ကြီးတကသိုလ် က အတော်လှပါတယ်။ ညနေမှာ ပွိုင့် စားသောက်ဆိုင်မှာ ညစာစားပြီး ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ တစ်ချို့လည်း ညဈေးဘက်လျှောက်ကြတယ်။ ဟိုတယ်က ကျွေးတဲ့ မနက်စာကို စားရင်း အရှေ့ဘက်တောင်တန်းကြီးကနေ နေထွက်လာတဲ့ ရှုခင်းကို ခံစားရတယ်။   မနက်ပိုင်းထိ တောင်ကြီးမှာ နေပြီး နေ့လည်မှာ အင်းထဲကို ဆင်းခဲ့ကြတယ်။  

မိုးပျံငှက်

2 comments:

  1. တောင်ကြီးမရောက်ဖူးသေးတဲ့ ကျုပ်အတွက်တော့ တစ်ခေါက်ရောက်သွားသလိုပါပဲ။.. ကိုငှက် ခရီးထပ်သွားခွင့်တွေရပြီး ပျော်ရွှင်ပါစေ.........

    ReplyDelete
    Replies
    1. တစ်ခေါက်လောက် တူတူထပ်သွားရအောင်လေဗျာ ဓာတ်ပုံတွေရိုက် ပန်းချီလေးဆွဲရင်း

      Delete